ဟန်ဂေရီနိုင်ငံရဲ့မြို့တော် ဘူဒါပတ်မှာတော့ လူသားစားပွဲထိုးတွေအစား စက်ရုပ်တွေကိုစတင်အသုံးပြုလာပြီလို့သိရပါတယ်။

၎င်းစက်ရုပ်တွေကို စတင်အသုံးပြုခဲ့တဲ့ဆိုင်ကတော့ အိုင်တီကုမ္ပဏီတစ်ခုကဖွင့်လှစ်ထားတဲပ Enjoy Budapest Café ဆိုင်ပဲဖြစ်ပါတယ်။ 

၎င်းစက်ရုပ်တွေဟာ စားပွဲထိုးတာတွေအပြင် ဧည်သည်တွေနဲ့ စကားစမည်ပြောတာတွေပါ လုပ်ဆောင်နိုင်တဲ့စက်ရုပ်တွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းစက်ရုပ်တွေဟာ ဟာသတွေလည်းပြောနိုင်သလို သန့်ရှင်းရေးလုပ်တာတွေနဲ့ ကတာတွေလည်း ပြုလုပ်နိုင်တယ်လို့သိရပါတယ်။ 

အခုလို လူသားတွေနေရာမှာ စက်ရုပ်တွေအစားထိုးလာခြင်းက မှတ်ဉာဏ်တုနည်းပညာတော်လှန်ရေးကို ပြည်သူတွေ ရင်းနှီးကျွမ်းဝင်လာအောင် ကူညီနိုင်စေမယ်လို့ တီထွင်သူတွေက ရည်မှန်းထားကြပါတယ်လို့လည်းသိရပါတယ်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။