မြန်မာသံဝဲဝဲလေးနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ ဂျာမနီနိုင်ငံသားအဆိုတော် Mikis Weberကိုမိတ်ဆက်ပေးစရာမလိုအောင်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။Mikis ကတော့ မန်မာနိုင်ငံစွန့်စွန့် စားစားတစ်ကိုယ်တည်းရောက်လာပြီး အနုပညာလုပ်ငန်းတွေကိုရူးသွပ်စွာလုပ်ကိုင်နေတဲ့ ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။

မြန်မာဘာသာစကား အစားအသောက်နဲ့ ရိုးရာဓလေ့တွေကိုအရမ်းကို နှစ်သက်သူတစ်ယောက်ဖြစ်သလို မီဒီယာအင်တာဗျူးတွေတော်တော်များများမှာလည်း Mikisရဲ့ အချစ်ရေးပတ်သတ်ပြီး မေးခွန်းလေး တွေအမြဲမေးလေ့ရှိပြီး သူချစ်သူထားမယ်ဆိုရင်လည်း မြန်မာမလေး တွေကိုပဲ ရွေးချယ်မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ မြန်မာမလေးကို မှနှစ်သက်တဲ့ Mikisကတော့ မြန်မာမလေးဖြစ်တဲ့ ဆုဆုဝင်းနဲ့ ချစ်ကြိုးသွယ်နေတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးဟာ သိပ်ကို အေးချမ်းပြီး အားကျဖို့ ကောင်းလွန်းသလို အမြဲတမ်း ဘုရားသွားကျောင်းတက်နဲ့ ပျော်ရွှင်နေတကို မြင်တွေ့ရမှာပါ။ Mikisတစ်ယောက် ချစ်သူမြန်မာမလေး ကို ဘယ်လောက်ချစ်လဲဆိုတော့ " မင်းရဲ့အပြုံးကိုမြင်ရဖို့အတွက် ဘာမဆိုကိုယ်လုပ်ပေးချင်တယ်။ I can't keep a straight face with you " လို့ ဆိုလာပါတယ်။ သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံရိုက်ကွင်းလေးတစ်ခုမှာ မြင်တွေ့ရတဲ့ Video လေးကို တစ်ယောက် မျှဝေထားသလို အရမ်းကို ပျော်ရွှင်နေတဲ့ သူတို့နှစ်ယောက်ပုံလေးတွေကို မြင်တွေ့ရမှာပါ။

Source: Mikis Weber

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။