ကချင်တိုင်းရင်းသူလေး ဖြစ်တဲ့ ဖြစ်တဲ့ အောန်ဆိုင်းဟာ မြန်မာနိုင်ငံရဲ့ ဖက်ရှင်မော်ဒယ်လ်လောကို ထိပ်တန်းက ပြေးနေတဲ့ Professional Role Modelတစ်ယောက်ဖြစ်သလို အနုပညာလောကမှာ နာမည်ရနေတဲ့ ငွေကြယ်ပွင့်တစ်ဦးလို့ ဆိုမယ်ဆိုရင်လည်းမမှားပါဘူး။ သူမရဲ့ အသက်မွေးဝမ်းကြောင်း အနုပညာဖြစ်တဲ့ မော်ဒယ်လ်အလုပ်တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ပြီး Fashion Show , Wedding Show စသဖြင့် မော်ဒယ်လ်လောကရဲ့ Runwayမှာ ရှေ့ဆုံးက မြင်တွေ့ရသူပါ။

Gymဆော့ကာ ကျန်းမာရေးကို အထူးတလည်လိုက်စားပြီး စွန့်စွန့်စားစားနဲ့ အပင်ပန်းခံရတာ ကြိုက်နှစ်သက်တတ်တဲ့ အောန်ဆိုင်းဟာ ထူးထူးခြားခြားမိန်းကလေး တစ်ဦးလို့ ဆိုနိုင်သလို ဖက်ရှင်လ်ပိုင်းမှာပါ အမြဲစမတ်ကျကျ ဝတ်စားတတ်သူပါ။ သူမဟာ အမြဲတမ်း လှပကျော့ရှင်းစွာ နေထိုင်တတ်သလို သူမလေ့လာ လိုက်စားတဲ့ Lifestyleကလည်း သာမာန်မိန်းကလေးတွေနဲ့ မတူပဲ အမြဲတမ်း စွန့်စွန့်စားစားတွေပြုလုပ်လေ့ရှိပါတယ်။

အောန်ဆိုင်းတစ်ယောက် ခရီးထွက်တိုင်း အတွေ့အကြုံသစ်တွေကို အမြဲတမ်းရှာဖွေတတ်သလို ပြည်ပခရီးတွေ သွားတိုင်း မြင်းစီး၊ Surfing(လှိုင်းစကိတ်စီး)၊ လုပ်ခြင်း နဲ့ ရေကူးခြင်း စသဖြင့် အမြဲ အသစ်သစ်တွေကို လေ့လာလိုက်စားတတ်သူပါ။ လတ်ရှိမှာတော့ အောန်ဆိုင်းဟာ ရေထု၊ လေထုနဲ့ မြေထု ညစ်ညမ်းမှုကို ဖြစ်စေနိုင်တဲ့ အမှိုက်စွန့်ပစ်ခြင်းအတွက် တကယ့်ကိုအရေးကြီးတဲ့ လှုပ်ရှားမှုလေးဖြစ်တဲ့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ရေးနဲ့ ပတ်သက်လို့ "ကို့အမှိုက်ကို စနစ်တကျစွန့် ပြစ်ခြင်း၊ ပလတ်စတစ် ကိုလျှော့သုံးခြင်းဖြင့် ကို့ပတ်ဝန်းကျင် သာယာလှပဖို့ အတူတကွလုပ်ဆောင်ကြစို့ " ဆောင်ပုဒ်လေးနဲ့ အတူ အနာဂတ်လူငယ်တွေနဲ့ ရှေ့ဆုံးကနေသူမကိုယ်တိုင် အမှိုက်တွေ လိုက်ကောက်ကာ တက်တက်ကြွကြွပါဝင်ခဲ့လှုပ်ရှားမှု မှာ ပါဝင်ခဲ့ပါတယ်။

source: Awn seng; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။