သူကဘာလုပ်လိုက်တာပါလိမ့် ...

အဖြစ်မှန်ကတော့ဒီလိုပါ ...

ထိုင်းမင်းသမီးလေးလားလို့တောင်ထင်မှတ်မှားရလောက်အောင် ဘိုဆန်တဲ့မျက်နှာလေးနဲ့

ကျော့ရှင်းလှပတဲ့ မင်းသမီးလေးကတော့ ပတ်ထရစ်ရှာလို့ခေါ်တဲ့ စူးရှနိုင်ပဲဖြစ်ပါတယ် ။

မြန်မာမှာသူမကိုအားပေးတဲ့ ပရိတ်သတ်များစွာရှိပြီး သူမရဲ့ပရိတ်သတ် တွေကိုလဲအင်မတန် ဂရုစိုက်တဲ့

မင်းသမီးလေးတစ်ယောက်လဲဖြစ်ပါတယ် ။

သူမနဲ့ သူမရဲ့ Fan တွေကြားနွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်ထားတဲ့သူမဟာ

တစ်ရက်မှာတော့ မျက်ရည်ကျသွားလောက်တဲ့ထိ ခံစားသွားရပါတယ်တဲ့ ။

ဘာဖြစ်လို့လဲဆိုတော့ သူမကို အားပေးတဲ့ အမာခံပရိတ်သတ် တစ်ယောက်က

သူမရဲ့ နာမည်ကို အိမ်နဲ့အတိုက်အခံလုပ်ပြီးတောင် Tattoo ထိုးလိုက်လို့ပါ ...

အဲဒီတတ်တူးကို မြင်လိုက်တဲ့ အချိန်မှာ မယုံနိုင်လို့ မျက်ရည်တောင် ဝဲမိတယ် ။

စာနဲ့မရေးတတ်အောင်နှုတ်ကမပြောတတ်လောက်အောင်ကိုရင်ထဲကအများကြီးပိုချစ်ပါတယ်လို့ပြောသွားပါတယ် ။

ပရိတ်သတ်တွေကအဲဒီလောက်ချစ်တာခံရတဲ့ မင်းသမီးလေးတစ်လက်ပါ ... ။

Source : patricia FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။