လူမျိုးမတူ ဘာသာမတူကြပေမယ့် နိုင်ငံအနှံ့အပြားသားမက ပြည်တွင်းမှာလည်း မကြာခဏတွေ့မြင်နေရတဲ့ သမီးရည်းစား မိသားစုဘဝလေးတွေကိုတော့ ပရိသတ်တွေလည်း အားကျနေကြမယ်ထင်ပါတယ်။ မတူညီတဲ့ဘာသာတွေကိုကိုးကွယ်ကြပြီး မတူညီတဲ့ အသားအရေ၊ မတူညီတဲ့ ဘာသာစကားတွေကို ဘေးဖယ်ထားပြီး အချစ်တစ်ခုနဲ့ ဘဝကိုတည်ဆောက်ဖန်တီးနေသူတွေကလည် ပြည်တွင်းမှာများစွာရှိပါတယ်။  

အဆိုပါ ဘဝလေးတွေထဲမှာ ပြည်တွင်းပရိသတ်များစွာအားကျနေရတဲ့ မိသားစုတစ်စုတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါပြီ။ ၎င်းမိသားစုလေးကတော့သြတတြေလျလူမျိုးအမျိုးသမီးနဲ့ မြန်မာအမျိုးသားတို့ရဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ပြည်တွင်း ပရိသတ်တွေကြားမှာ လွန်လွန်းနဲ့ ဖြူစင်ဟူ၍ လူသိများပြီး ချစ်စရာသားလေးတစ်ယောက်နဲ့အတူ ပရိသတ်တွေအားကျနေရတဲ့မိသားစုလေးပဲဖြစ်ပါတယ်။  

လက်ရှိ အနုပညာအလုပ်တွေနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖန်တီးနေပြီး နေ့ရက်တိုင်းကို ပျော်ရွှင်မှုလေးနဲ့ဖြတ်သန်းလျှက်ရှိကြောင်း သိရပါတယ်။ သာယာပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားပြီး ပြည်တွင်း ပြည်ပပရိသတ်တွေအားလုံး လေးစားအားကျနေရတဲ့ လွန်လွန်းနဲ့ ဖြူစင်တို့ရဲ့ မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Myanmarload Tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။