နည်းပြဘဝမှာအောင်မြင်မှုတွေအမြောက်အများနဲ့ အသင်းတိုင်းကိုအောင်မြင်မှုတွေယူပေးနိုင်တဲ့နည်းပြကတော့မန်စီးတီးအသင်းရဲ့နည်းပြဂွာဒီယိုလာပဲဖြစ်ပါတယ်။သူကတော့မန်စီးတီးအသင်းကိုလည်းအသင်းကြီးတစ်သင်းဖြစ်အောင်တည်ဆောက်ပေးပြီးအောင်မြင်မှုတွေကိုဆွတ်ခူးနိုင်တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။သူကတော့မန်စီးတီးအသင်းကိုဥရောပမှာအသင်းကြီးတစ်သင်းဖြစ်အောင်တည်ဆောက်ပေးနိုင်ခဲ့တာပါ။

သူကတော့မန်စီးတီးအသင်းကိုမကိုင်တွယ်ခင်ကလည်းစပိန်ထိပ်သီးအသင်းဖြစ်တဲ့ဘာစီလိုနာအသင်းကိုကိုင်တွယ်ခဲ့ပြီးအောင်မြင်မှုတွေအများအပြားနဲ့ဥရောပရဲ့အအောင်မြင်ဆုံးအသင်းဖြစ်အောင်ကြိုးစားပေးခဲ့တာပါ။သူ့လက်ထက်မှာဘာစီလိုနာအသင်းကချန်ပီယံလိဒ်ပြိုင်ပွဲတွေမှာအောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တာပါ။မက်ဆီတို့ကိုလည်းသူ့လက်ထက်မှာအောင်မြင်တဲ့ကစားသမားတစ်ယောက်ဖြစ်အောင်ကြိုးစားပေးခဲ့တာဖြစ်ပါတယ်။

အောင်မြင်မှုတွေယူပေးနိုင်တာကြောင့်ကစားသမားတွေပရိသတ်တွေကချစ်နေရတာဖြစ်ပါတယ်။သူ့ကိုချစ်ရတဲ့ကစားသမားတွေထဲကမှာသူ့ကိုမုန်းခဲ့တဲ့ကစားသမား၅ယောက်ရှိပါတယ်။သူတို့ကတော့အီဗရာဟီမိုဗစ်၊ဂျိူးဟတ်၊ယာယာတိုရေး၊ရစ်ဘာရီနဲ့ဒန်တီတို့ပဲဖြစ်ပါတယ်။သူတို့တွေမုန်းခဲ့ရတဲ့အကြောင်းအရင်းကတော့အဆိုပါကစားသမားတွေဟာဂွာဒီယိုလာလက်ထက်မှာနေရာတွေပျောက်ပြီးအသင်းကပါထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

SOURCE:Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။