မြန်မာ့အနှံ့အပြားမှာ ပြုလုပ်ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကတော့ ပြည်တွင်း တိုင်းဒေသကြီးများစွာမှာ ရှိတာကိုတော့ အားလုံးလည်းသိမယ်ထင်ပါတယ်။ ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းကို အများစုက သဘောတူညီခဲ့ပေမယ့် အချို့အချို့သော ဒေသတွေမှာတော့ အပြင်းအထန်ကန့်ကွက်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ကန့်ကွက်သူတွေထဲမှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံအချို့လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

ကယားပြည်နယ်လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူခြင်းအပေါ် သပိတ်ထိုင်ကန့်ကွက်မှုတွေပြုလုပ်ခဲ့တဲ့ ကယားပြည်နယ် လူငယ်အဖွဲ့ကို ပြည်နယ်အစိုးရညွန်ကြားချက်ဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှ ရှင်းလင်းဖမ်းဆီးမှုများပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ မနေ့က ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်အပေါ် ကယားလူငယ်အဖွဲ့က ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပါဘူး။  

အလားတူ ယနေ့နံနက်မှ ထိုင်သပိတ် ကန့်ကွက်ဆန္ဒထုတ်ဖော်သော လူငယ်များကို ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့ပြည်နယ်ရဲတပ်ဖွဲ့ကဦးဆောင်ကာ ကန့်ကွက်လူငယ်များအနက် ဦးဆောင်သူ (၇)ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ယနေ့တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။ အဆိုပါဦးဆောင်သူတွေကတော့ ၁။ ကျော်ထင်အောင်/၂။ ဒီးဒီ(ခ) စစ်မုန်း/၃။ မျိုးလှိုင်ဝင်း/၄။ ခွန်းသောမတ်စ်/၅။ ရီးရယ်/၆။ ခူးကြူးဖဲကေး (ခ)ဂူဂူး/၇။ စတာနီတူးတူးတို့ပဲဖြစ်ပါတယ်။ ဒီကနေ့ရိုက်ကူးထားတဲ့ အဆိုပါ ကန့်ကွက်ဆန္ဒပြသူများရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - ကန္ဒရဝတီတိုမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။