"Mister Asia Myanmar 2016" ပြိုင်ပွဲမှ Winner ဖြစ်ပြီး နိုင်ငံကိုယ်စားပြု Mister အဖြစ်နိုင်ငံခြားမှာသွားရောက်ယှဉ်ပြိုင်ရန်ရွေးချယ်ခံရသူ

မော်ဒယ် တေဇာလင်း မှာ မစင်သီတာနော့အား လိမ်လည်ပေါင်းသင်းပြီး တာဝန်မယူမှုကြောင့် မစင်သီတာနော့ ကသတင်းစာရှင်းလင်းပွဲလုပ်ပြီး

တာမွေမြို့နယ် တရားရုံးတွင် ကာမ လိမ်လည်မှု ပုဒ်မ(၄၁၇) ဖြင့် ဦးတိုက် လျှောက်၍ တရားစွဲဆို ထားပါတယ် ။

တေဇာလင်းမှာ ကိုယ်ဝန် ၇ လရှိနေပြီဖြစ်တဲ့ မစင်သီတာနော့ကို ပြိုင်ပွဲဝင်ရန်အကြောင်းပြရှောင်ပြီး

ကိုယ်ဝန်ဖျက်ချရန် စေခိုင်းခဲ့ပါတယ် ။ သူတို့နှစ်ဦးမှာ အသက် ၁၆ နှစ်အရွယ် ကတည်းက သမီးရည်းစား အဖြစ်မှ

တရားဝင် လက်ထပ်မည်ဟု ဆိုကာ (၃)နှစ်တာ ချစ်ခင်ပေါင်းသင်း နေထိုင်လာခဲ့ကြောင်း သိရပါတယ် ။

"စင်သီတာနော့"သည် ဟောင်ကောင်တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကာ

၎င်းနှင့်အတူ နေထိုင်ခြင်း ဖြစ်ပါတယ် ။

သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကိုပြောကြားရာမှာတော့

"ကျွန်မ ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က အခု ကိုယ်ဝန် ရလ ရှိပြီ။ ဒီ Mister ဆုကနေ ပြုတ် စေချင်တယ်။ ကလေးရဲ့ အဖေနာမည် ခံစေချင်တယ်။ ထောင် ကျစေချင်တယ်။ တရားစွဲထားတဲ့ တောက်လျှောက် မှာလည်း တရားရုံးကို မရောက်လာခဲ့ပါဘူး။ ကျွန်မ ဒီလိုတွဲနေတာက သူ့မိဘတွေ ဘက်က သိတယ်။ အခု တရားစွဲမယ် ဆိုတော့ သူ့မိဘတွေ ကိုယ်တိုင်က သူ့အမေက လုပ်ချင်တာ လုပ်လို့ ပြောတယ်။ ထောင် ကျလည်း ရပါတယ်။ သူ့သားကို သူ့အပြစ် သူ ခံစေချင်တာပါ။ အခု ဒီလို ကိုယ်ဝန်ကြီးနဲ့ ကိစ္စတွေ ကြုံနေတာကို ကျွန်မမိဘတွေ ဘက်က မသိဘူး။ အသိပေး မထားဘူး။ ဒီစာနယ်ဇင်းပွဲ ကနေ တစ်ဆင့် သိသွားမှာပါ" လို့ပြောသွားပါတယ် ။

ယခုလက်ရှိမှာ တရားစွဲဆိုခံရသူမောင်တေဇာလင်းမှာ နယ်မြို ့ကိုအခြားအမျိုးသမီးတစ်ဦးဖြင့်ရှောင်ပြေးနေပါတယ်လို့လဲဆိုပါတယ် ။

ဖြစ်ပွားနေတဲ့ပြသနာများကြောင့်Mister Asian Myanmar 2016 တေဇာလင်း အား Mister အဖြစ်မှလည်ကောင်း Organization မှထုတ်ပြန်ကြောင်းMister Of Myanmar Organization မှCEO & Founder ကိုဇေယံဟိန်းမှတရားဝန်စာထုတ်ပြန်

ထားကြောင်းသိရပါတယ်။

Source : Xpress

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။