တစ်လတစ်ကြိမ်ရွေးထုတ်ပေးနေတဲ့ သိန်းတစ်သောင်းဆုရှင်နှင့် အခြားသိန်းဆုရှင်များစွာရဲ့ ကံထူးမှုတွေကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့ပါပြီ။ ဒီကနေ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှာလည်း ပရိသတ်တွေစောင့်မျှော်နေတဲ့ အောင်ဘာလေထီမှသိန်းတစ်သောင်း ကံထူးရှင်တစ်ဦးကတော့ထွက်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါ တယ်။  

ဒီကနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကထွက်ရှိခဲ့တဲ့ (၂၃) ကြိမ်မြောက်သိန်းတစ်သောင်းဆုကြီးကိုတော့ ဓနုဖြူ(ကံတော်ကြီးနှင့် မိုးယံရွှေလမင်း) ထီဆိုင်မှဆွတ်ခူးသွားတာဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ အဆိုပါ သိန်းတစ်သောင်းကံထူးရှင်ကတော့ ကိုကျော်စည်အမည်ရသူတစ်ဦးဖြစ်ပြီး (၁၂) ရပ်ကွက် (၄) လမ်းမှာ နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။  

ဒီကနေ့ သိန်းပေါင်း တစ်သောင်းဆိုကို "ယ- ၉၄၅၁၅၀ ” နံပါတ်ဖြင့် ရရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အကြောင်းကြားပေးလျှက်ရှိကြောင်း သိရပါတယ်။ သာမာန်မိသားစုဘဝလေးတစ်ခုက ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေစောင့်မျှော်နေတဲ့ လစဉ်သိန်းတစ်သောင်းဆုရှင်ကတော့ အစောဆုံးမှာပဲ ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ထီမတိုက်ရသေးတဲ့ ချစ်ပရိသတ်တွေအတွက် ဒီကနေ့ ဒီပေါက်စဉ်နဲ့အတူ သိန်းတစ်သောင်းကံထူးရှင်ကို မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Thuya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။