လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတော့ ရွှေ့ပြောင်းလာသူ ၄၇ဦးလိုက်ပါလာတဲ့ သဘောၤတစီးဟာ အီတလီနိုင်ငံ စစ္စလီကျွန်းမှာ ၁၂ ကြာသောင်တင်နေခဲ့ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာတော့ ၎င်းသဘောၤဟာ ကတ်တနီးယား ဆိပ်ကမ်းကို ကမ်းကပ်ခွင့်ရခဲ့ပါပြီလို့သိရပါတယ်။

၎င်းသဘောၤကတော့ ဒတ်ချ်အလံလွှင့်ထားတဲ့ Sea-Watch သင်္ဘောဖြစ်ပြီး အီတလီနိုင်ငံ အပါအဝင် ဥရောပတိုင်းပြည် ၉ ခုက အဲဒီရွှေ့ပြောင်းလာသူတွေကို ခွဲဝေလက်ခံဖို့ သဘောတူပြီးတဲ့နောက်မှာမှ ကမ်းကပ်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

၎င်းသဘောၤပေါ်မှာလိုက်ပါလာတဲ့ ရွှေ့ပြောာင်းသူတွေဟာ ကမ်းကပ်ခွင့်မရတဲ့ရက်တွေမှာ ပင်လယ်ထဲဆိုးရွားလှတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပြင်းထန်တဲ့မုန်တိုင်းဒဏ်တွေကိုလည်း ခံခဲ့ရတယ်လို့သိရပါတယ်။  

SOURCE -DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။