ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုအခြေအနေကတော့ ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေမှာရှိနေပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ PM 2.5 ထိဖြစ်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့နေရပါတယ်။  

မနေ့ကဆိုရင်လည်း ဘန်ကောက်ခရိုင်ဝန်ဟာ လေထုညစ်ညမ်းမှုပြသနာကို ပူးပေါင်းအဖြေရှာဖို့အတွက် ထိုင်းတက္ကသိုလ်အသီးသီးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆရာဝန်များအသင်းနဲ့ ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ငန်းရှင်တွေ၊ လေကြောင်းသိပ္ပံ တာဝန်ရှိသူတွေ စုစုပေါင်း ၃၀၀ ကျော်လောက်ကို အစည်းဝေးခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်လို့သိရပါတယ်။ 

ဆွေးနွေးပြီးတဲ့နောက်မှာတော့ တာဝန်ရှိသူတွေဟာ ဘန်ကောကရဲ့လေထုညစ်ညမ်းမှုကို အသေးစားလေယာဉ်ပျံ ၄၇ စီးအသုံးပြုကာ ၎င်းလေယာဉ်တွေပေါ်ကနေ ရေမှုန်တွေဖြန့်ကျက်ပြီး လေထုသန့်ရှင်းသွားမယ်လို့သိရပါတယ်။

၎င်းလေယာဉ် ၄၇ စီးကို ဘန်ကောက်လေကြောင်းဆိုင်ရာ သင်တန်းကျောင်း (Bangkok Aviation Center) က ပံံ့ပိုးကူညီပေးမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဆမွတ်ဆာခွန်းခရိုင် ဖာ့လမ်းဆောင်လမ်းမကြီး အပိုင်းဘက်ကနေ ရေမှုန်တွေ စတင်ဖျန်းချသွားမယ်လို့ သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။