ဘာစီလိုနာအသင်​းရဲ့ အားကစားဒါရိုက်​တာ ဖြစ်​သူ ​ရောဘတ်​ဖာနန်​ဒက်​စ်​မှ အသင်​းရဲ့ စတားပ​လေယာ​တွေဖြစ်​တဲ့ မက်​ဆီနှင်​့ အင်​နီ​ယေစတာတို့ဟာ စာချုပ်​သက်​တမ်​းတိုးလိမ်​့မည်​ဖြစ်​​ကြောင်​း အတည်​ပြုခဲ့ပါတယ်​။

အဆိုပါ ကစားသမားနှစ်​​ယောက်​လုံးဟာ 2018 ​နွေရာသီထိသာ စာချုပ်​ကျန်​ရှိ​နေသူများဖြစ်​ပြီး စာချုပ်​သစ်​အတွက်​ ​ဆွေး​နွေး​နေဆဲ အ​နေအထားမှာ ရှိ​နေသူ​တွေ ဖြစ်​ပါတယ်​။

သို့​ပေမယ်​့ ဖာနန်​ဒက်​စ်​မှ ''ကျွန်​​တော်​ အမြဲ​ပြောခဲ့သလိုပဲ မက်​ဆီဟာ စာချုပ်​သစ်​ချုပ်​ဆိုဖြစ်​ပါလိမ်​့မယ်​။ ဒါကို သံသယရှိ​နေစရာမလိုပါဘူး။ ဘာလို့လည်​းဆို​တော့ မက်​ဆီဟာ ဒီပတ်​ဝန်​းကျင်​မှာ အားလုံးအဆင်​​ပြေ​နေပြီး သူ့ကိုကြည်​့တာနဲ့ သိနိုင်​ပါတယ်​။ အင်​နီ​ယေစရာအတွက်​လည်​း သံသယမရှိပါဘူး။ သူ့အ​နေနဲ့ သူ့ရဲ ့ ကိုယ်​ပိုင်​အချိန်​​တွေမှာ စာချုပ်​သစ်​အတွက်​ ဆုံးဖြတ်​ပါလိမ်​့မယ်​'' လို့ ဆိုပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။