ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ် တုံကွာကျေးရွာအနီး တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် မတ် ၁၈ရက်နှင့် ၁၉ ရက်တို့တွင် သစ်တန်ချိန်ပေါင်း ၉၄၄ ဒသမ ၈ တန်ခန့်၊ ယာဉ်ယန္တရားမျိုးစုံ ၁၃ စီးနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းသည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တုံကွာကျေးရွာ ၏ အရှေ့တောင်ဘက် ၆ မိုင်ခွဲခန့်နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်ရှင်းလင်းစဉ် ကျွန်းသစ်လုံးဆိုဒ်စုံ (၄၀၂)တန်ခန့်၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၃၇ တန်ခန့်၊ တမလန်း သစ်လုံးဆိုဒ်စုံ ၁ တန်ခန့်၊ ပိတောက်သစ်လုံးဆိုဒ်စုံ ၁ တန်ခွဲခန့်၊ ပိတောက်ခွဲသား ဆိုဒ်စုံ ၂ တန်ခွဲခန့် စုစုပေါင်း သစ်တန်ချိန် ၉၄၄ ဒသမ ၈ တန်ခန့်နှင့် ကရိန်းယာဉ် ၁ စီး၊ ယမ်းဖောင်အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဖိုတွန်အမျိုးအစား မော်တော်ယာသ် ၁ စီး၊ သရီးကရောင်း ယာဉ် ၅ စီး၊ တုန်ဖန်းအမျိုးအစား မော်တော် ယာဉ် ၄ စီး စုစုပေါင်း ယာဉ်ယန္တရားမျိုးစုံ ၁၃ စီးနှင့် သစ်ခွဲစက် ၄ လုံး၊ မီးစက် ၁လုံး၊ လွှဝိုင်း ၂ ခုတို့ကို ပိုင်ရှင်မဲ့ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ သည်။

အလားတူ မံဝိန်းကြီးနယ်မြေအတွင်း မတ် ၁၁ ရက်မှ ၁၈ ရက်အတွင်း သစ်ခိုး ထုတ်သည့် ယာဉ်မျိုးစုံ စုစုပေါင်း ၁၄၇ စီး သိမ်းဆည်းရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

Credit - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။