ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ဝင်ရိုးစွန်း လေအေးစီးကြောင်းတခု အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာဆိုရင် အမေရိကန်နိုင်ငံအတွင်းမှာ အန္တရာယ်ရှိလောက်အောင် အပူချိန် ကျဆင်းမှုတွေဖြစ်ပေါ်နေပါတယ်။  

အခုလိုအပူချိန်ကျဆင်းမှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာဆိုရင် ချီကာဂိုမြို့အပါအဝင် အမေရန်ကန် အနောက်အလယ်ပိုင်းတလွှားက စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။

ဒါ့အပြင် လမ်းတွေပေါ်မှာလည်း ရေခဲထုတွေဖြစ်ပေါ်နေတာကြောင့် မတော်မတဖြစ်တာမျိုးမဖြစ်ရလေအောင် ယာဉ်ထိန်းရဲတွေ သတိပေးနေရတယ်လို့သိရပါတယ်။ 

၎င်းအပူချိန်ကျဆင်းမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကစပြီး မီချီဂန်၊ အိုင်အိုဝါ၊ အင်ဒီယားနား၊ အီလွီနွိုက်စ်၊ ဝစ္စကွန်ဆင်နဲ့ မင်နီဆိုးတား ပြည်နယ်တလွှား လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သလို ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့ပါတယ်လို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။