AYA Bank Scouting Tour 2017 မတ်လ (၂၁) ရက် အခြေအနေ

AYA Bank Scouting Tour 2017 အဖွဲ့ (၂)

=======================

ဘောလုံး အကယ်ဒမီ ကစားသမား ရွေးချယ်ရေး အဖွဲ့(၂)သည် ယနေ့မန္တလေးမြို့တွင် လူငယ်ကစားသမား ရွေးချယ်မှုများ ပြုလုပ်ခဲ့သည် ။လာရောက်ရွေးချယ်ခံသည့် ကစားသမား အရေအတွက်မှာ (၄၃) ဦးဖြစ်သည် ။ မတ်လ(၂၂)ရက်နေ့နှင့် (၂၃) ရက်နေ့တို့တွင်လည်း မန္တလေးဘောလုံးအကယ်ဒမီတွင် ကစားသမားရွေးချယ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းနောက် အဖွဲ့(၂) အစီအစဉ်အတိုင်း အခြားမြို့များသို့ ဆက်လက် ထွက်ခွါမည် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ လူငယ်များသည် သက်ဆိုင်ရာ အား/ကာ ရုံးများသို့လည်းကောင်း Hot Line Number - 09452030400 သို့လည်းကောင်း ဆက်သွယ်၍ စုံစမ်းမေးမြန်း ရွေးချယ်ခြင်းခံယူ နိုင်ပါသည်။

AYA Bank Scouting Tour 2017 အဖွဲ့ (၃)

=======================

ဘောလုံး အကယ်ဒမီ ကစားသမား ရွေးချယ်ရေး အဖွဲ့(၃)သည် ယနေ့ဇီးကုန်းမြို့တွင် လူငယ်ကစားသမား ရွေးချယ်မှုများ ပြုလုပ်ခဲ့သည် ။လာရောက်ရွေးချယ်ခံသည့် ကစားသမား အရေအတွက်မှာ (၁၅) ဦးဖြစ်သည် ။ မနက်ဖြန် မတ်လ(၂၂)ရက်နေ့တွင် ပြည်မြို့သို့ သွားရောက်၍ ပြည်မြို့ ခရိုင်အားကစားကွင်းတွင် ကစားသမားရွေးချယ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းနောက် အဖွဲ့(၃) အစီအစဉ်အတိုင်း အခြားမြို့များသို့ ဆက်လက် ထွက်ခွါမည် ဖြစ်သည်။ ပြည်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ လူငယ်များသည် သက်ဆိုင်ရာ အား/ကာ ရုံးများသို့လည်းကောင်း Hot Line Number - 09452030400 သို့လည်းကောင်း ဆက်သွယ်၍ စုံစမ်းမေးမြန်း ရွေးချယ်ခြင်းခံယူ နိုင်ပါသည်။

AYA Bank Scouting Tour 2017 အဖွဲ့ (၄)

=======================

ဘောလုံး အကယ်ဒမီ ကစားသမား ရွေးချယ်ရေး အဖွဲ့(၄)သည် ယနေ့ထားဝယ်မြို့တွင် လူငယ်ကစားသမား ရွေးချယ်မှုများ ပြုလုပ်ခဲ့သည် ။လာရောက်ရွေးချယ်ခံသည့် ကစားသမား အရေအတွက်မှာ (၃၅) ဦးဖြစ်သည် ။ မနက်ဖြန် မတ်လ(၂၂)ရက်နေ့တွင်လည်း ထားဝယ်မြို့ ပြည်နယ်အားကစားကွင်းတွင် ကစားသမားရွေးချယ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းနောက် အဖွဲ့(၂) အစီအစဉ်အတိုင်း အခြားမြို့များသို့ ဆက်လက် ထွက်ခွါမည် ဖြစ်သည်။ ထားဝယ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံ လူငယ်များသည် သက်ဆိုင်ရာ အား/ကာ ရုံးများသို့လည်းကောင်း Hot Line Number - 09452030400 သို့လည်းကောင်း ဆက်သွယ်၍ စုံစမ်းမေးမြန်း ရွေးချယ်ခြင်းခံယူ နိုင်ပါသည်။

Credit - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။