မန်ယူအသင်းကွင်းလယ်ကစားသမား ဖယ်လ်လိုင်နီသည် တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းအသင်းသို့ပြောင်းရွှေ့ကစားရန် တရုတ်နိုင်ငံသို့ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။ ဖယ်လ်လိုင်နီသည် မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားလက်ထက်တွင် ပွဲထွက်ခွင့်မရရှိခဲ့ခြင်းကြောင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် မြင့်မားသောလုပ်ခလစာဖြင့် ကမ်းလှမ်းခဲ့သည့် ရှန်ဒေါင်းအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။  

မန်ယူအသင်းသည် ဖယ်လ်လိုင်နီရဲ့အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးအနေဖြင့် စတာလင်ပေါင် ၁၀ သန်းရရှိမည်ဖြစ်ပြီး ၎င်းသည်လည်း ရှန်ဒေါင်းအသင်းတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၃၅၀၀၀ အထိရရှိမည် ဖြစ်ကာ သုံးနှစ်စာချုပ်ချုပ်ဆိုထားတာပဲ ဖြစ်ပါတယ်။ ဖယ်လ်လိုင်နီဟာ ရှန်ဒေါင်းအသင်းသို့ပြောင်းရွှေ့ရန် ဆေးစစ်မှုခံယူခဲ့ပြီပဲဖြစ်ပြီး ရှန်ဒေါင်းအသင်းနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များဆွေးနွေးရန် မန်ယူအသင်းက ၎င်းကို တရုတ်နိုင်ငံသို့ထွက်ခွာရန် ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ 

ဖယ်လ်လိုင်နီသည် ယနေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် တရုတ်နိုင်ငံကိုထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။ ထို့အပြင် ရှန်ဒေါင်းအသင်းသည် တရုတ်စူပါလိဂ်တွင် ပဉ္စမမြောက် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Source - BBS Sports  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။