ဒီအမျိုးသမီးလေးကတော့ တိရစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး သူမဟာ တာဝန်အရ မွေးမြူထားတဲ့ကျားကို အစာကျွေးဖို့ ကြိုးစားတဲ့အချိန်မှာ ၎င်းကျားရဲ့အမှတ်မထင်တိုက်ခိုက်မှုကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

၎င်းကျားဟာ အစာကို ဟပ်မလိုလိုနဲ့ သူမကို ခုံအုပ်ခဲ့ပြီး လက်သည်းတွေနဲ့ တွေနဲ့ ကုန်ခြစ်တိုက်ခိုက်ခဲ့တာပါ။

သူမခင်ဗျာမှာလည်း အင်အားခြင်းမမျှတာကြောင့် ဘာမှမလုပ်နိုင်ဘဲ ကျားရဲ့ကုတ်ခြစ်သမျှကို ခံနေခဲ့ရပါတယ်။

သို့ပေမယ့် သူမသေကံမပါသေးဘူးလို့ပဲဆိုရလောက်အောင်ပင် သူမရဲ့ဖြစ်ရပ်ကိုမြင်တွေ့နေတဲ့ လာရောက်လည်ပတ်သူတွေဟာ ကျားကို ခဲတွေနဲ့ဝိုင်းပစ်တာတွေ ၊အသံကြယ်ကြီးတွေနဲ့ အော်ဟစ်ခြောက်လှန့်နေတာတွေ ၊ ခုံတွေကို ရိုက်ချိုးပြီး ကျားကို ကြောက်လန့်အောင် ခြောက်လှန့်ပေးခဲ့တာကြောင့် ကျားဟာ နောက်ဆုံးဟာ ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

အဆိုပါကျားကိုက်ခံခဲ့ရတဲ့ အမျိုးသမီးလေးဟာဆိုရင်လည်း သူမရဲ့တစ်ကိုယ်လုံးမှာ ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သလို အရှင်လတ်လတ်ကျားကိုက်ခံရတဲ့အဖြစ်ဆိုးကြီးက သူမရဲ့စိတ်ကိုပါ ဒဏ်ရာဖြစ်စေခဲ့ပါတယ်။

ကံကောင်းလို့ အသက်တော့မသေခဲ့ပေမယ့် စိတ်ဒဏ်ရာဖြစ်လောက်အောင်ကို ကြောက်ရွံံစေခဲ့တဲ့ သူမရဲ့ထိတ်လန့်မှုတွေကတော့ ဘယ်အချိန်မှ အဆုံးသတ်မလဲဆိုတာ မှန်းဆလို့မရနိုင်ပါဘူး။

သူမနေရာမှာ အခြားသူတစ်ယောက်သာဆိုရင်လည်း ထိန့်လန့်ဖွယ်ရာကောင်းလှတဲ့ ဒီအဖြစ်ဆိုးကြီးကို မေ့ဖျောက်ဖို့ အင်မတန်ခက်ခဲလှမယ်လို့ထင်ပါတယ်။

source - DM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။