ပရိသတ်ကြီးကိုဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ အမျိုးသမီးတစ်ဦးရဲ့လေးစားဖွယ်လုပ်ရပ်အကြောင်းပဲဖြစ်ပါတယ်။ နှစ်၁၁၀ နီးပါးရှိတဲ့ အပင်ကြီးကို အများသုံးစာကြည့်တိုက်ပြုလုပ်ပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်။ စာဖတ်သူတွေစိတ်ဝင်စားရအောင်မှော်ဆန်ဆန် စာကြည့်တိုက် ပုံစံမျိုးကို ပြုလုပ်ဖန်းတီးခဲ့တာဖြစ်ပါတယ်။ ဥပမာ ပြောရရင် Harry Potter ဇာတ်ကားထဲကလို စာကြည့်တိုက် ပုံစံမျိုးကို ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ထို တစ်နေရာတည်းတွင် စာအုပ်များထောင်ပေါင်းများစွာထားရှိတာဖြစ်ပါတယ်၊ သူမရဲ့အမည်ကတော့ Sharalee Armitage လို့ဆိုတာဖြစ်ပါတယ်။ သူမသည် တတ်နိုင်သလောက် ထိန်းသိမ်းခြင်းတွေကိုလုပ်ဆောင်နေတာဖြစ်ပြီး သစ်ပင်ကြီးကိုထိန်းသိမ်းဖို့ကသူမရဲ့ အဓိကဆန္ဒ ဖြစ်တဲ့လို့လည်းဆိုခဲ့ပါတယ်။ Sharalee ဟာနှစ်၁၁၀ အရွယ်ရှိနေတဲ့ သစ်ပင်စာကြည့်တိုက်ကြီးအတွက် စုံလင်သော ပြင်ဆင်မှုတွေကို အောင်မြင်အောင်ပြုလုပ်မယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ပရိသတ်ကြီးရေ သူမသည် ထိုသစ်ပင်စာကြည့်တိုက်ကြီးတစ်ခုထဲသာမက ရပ်ကွက်အတွင်းမှာ အခမဲ့စာကြည့်တိုက်တွေကိုပြုလုပ်ဖို့အစီအစဉ်ရှိတယ်လို့လည်းဆိုပါတယ်။ နိုင်ငံပေါင်း၈၈နိုင်ငံတွင် ၇၅၀၀ကျော်သော ''သေးငယ်သောအခမဲ့စာကြည့်တိုက်" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ဖွင့်လှစ်ဖို့ စေတနာသဒ္ဓါတရားပြည့်ဝပြီး အရည်အချင်းမှီတဲ့သူတွေလိုအပ်ကြောင်း အကူအညီစကားလေးဆိုထားတာဖြစ်ပါတယ်။ Myanmarload ပရိသတ်ကြီးလည်းဗဟုသုတရဖွယ် သိရှိရအောင် နိုင်ငံတကာ မှ ထူးဆန်းဖွယ်အကြောင်းအရင်းတွေကိုမျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

Source Life Buzz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။