ရုပ်ရှင်မင်းသမီးလေး ဝတ်မှုန်ရွှေရည်( ရွှေကစ်)ကတော့ မွန်မြတ်တဲ့ လုပ်ရပ်လေးတစ်ခုကို လုပ်ခဲ့ပါတယ်တဲ့။

ကစ် ဟာ မတ်လ(၂၂)ရက်နေ့က (၈)မိုင်နားက မသန်စွမ်းကလေးများ စောင့်ရှောက်ရေးဂေဟာကို ကိုယ်တိုင်သွားရောက်ကာ ငွေကြေးထောက်ပံ့လှှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂေဟာက ကလေးတွေနဲ့လည်း တွေ့ဆုံကာ အားပေးစကားတွေ ပြောခဲ့သလို အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ပြီး သူမရဲ့ ဖေ့ဘုတ်စ်မှာ အခုလိုပဲ တင်ထားပါတယ်။

“ဒီနေ့ မထင်မှတ်ပဲ သူတို့လေးတွေကို သွားရောက်တွေ့ဆုံလှှုဒါန်းရင်း အားပေးခဲ့ပါတယ်..ကိုယ်ချင်းစာမိရုံတင်မက စိတ်မကောင်းလည်း ဖြစ်ရပါတယ် 

လှှုချင်တဲ့သူရှိရင် တတ်နိုင်သလောက်လေး သွားရောက်လှုဒါန်းစေချင်ပါတယ်သူတို့လေးတွေကို စိတ်ဓာတ်ခွန်အားပေးရာရောက်တာပေါ့နော်

လိပ်စာက - ၈ မိုင် Junction 8 အကျော် Hotpot City နဲ့ မျက်စောင်းထိုးပါရှင်””ဆိုပြီးကစ်က လှုဒါန်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ချစ်စရာကောင်းတဲ့ ဝတ်မှုန်ရွှေရည် ရဲ့ စိတ်သဘောထားလေးကိုတော့ တကယ်ကို ချီးကျုးမိပါတယ်။  

သတင်းအရင်းမြစ် Kit Kit page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။