Example အဖွဲ့က ရက်ပါအဆိုတော် အကယ်ဒမီဆုရှင်ကြီးထွန်းထွန်းကတော့ ပျော်ရွှင်မှုတွေပုိ တိုးလို့နေတဲ့ပုံပါပဲ။

ထွန်းထွန်း ဟာ အုတ်ကြားမြတ်ပေါက် ဇာတ်ကားမှာ ဖိုးသကြားဇာတ်ကောင်နဲ့ ဆုရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော်ထဲမှာ မြင့်မြတ် ပြီးရင် သူလဲပါဝင်တယ်။

လက်တလောမှာတော့ ထွန်းထွန်းတစ်ယောက် အကယ်ဒမီပေးပွဲပြီးသွားပေမယ့် သူ့ရဲ့ အမေးဇင်းညနဲ့ပတ်သက်တဲ့ ပုံလေးတွေကို ပြန်တင်လိုက်ပြန်ပါတယ်. ။

အမေးဇင်း(amazing) စကားလုံးကိုမကြာခဏထည့်သုံးတတ်တဲ့ ထွန်းထွန်းဟာ အကယ်ဒမီပွဲပြီးတဲ့ညမှာတော့ အနုပညာမောင်နှမတွေနဲ့ ညစာစားခြင်း ၊ နောက်နေ့တွေ့မှာလည်း ချိန်ခွင်ဇာတ်ကားအတွက်ရိုက်ကူးရေးလုပ်နေရသလို ၊ Exa အဖွဲ့က သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံခဲ့တဲ့အမှတ်တရပုံတွေကို ဒီနေ့မှ တစ်စုတစ်စည်းထဲ တင်ခဲ့တဲ့ပုံပါပဲ ။

ဓာတ်ပုံတွေအများကြီးကို အခုမှ တင်ဖို့အချိန်ရတဲ့ ကိုကိုထွန်းထွန်းအတွက် ဒီနှစ်ကတော့ အမေးဇင်းနှစ်လို့ပဲ ပြောရတော့မှာပါ။

ထွန်းထွန်းကိုချစ်တဲ့ ပရိသတ်တွေရှိရင် ရှဲသွားလိုက်ပါဦး။ 

သတင်းအရင်းမြစ် Htin Aung Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။