ပုရိသတွေရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ မိတ်ကပ်ဆရာမ မထက်ကတော့ တစ်နေ့ထက်တစ်နေ့ကို မော်ဒယ်တွေထက် ပိုလှလာသလိုပါပဲ။

ဘန်ကောက်မှာလိင်အင်္ဂါပြောင်းလဲပြီးနောက် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုပြလာတဲ့ မထက်တစ်ယောက် လက်တလောမှာတော့ မေမြို့ကို ရောက်ရှိနေပါတယ်။

သူမရဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ပတ်သက်ပြီး မိန်းကလေးပရိသတ်တွေကတောင် အားကျနေရတဲ့အထိပါပဲ။

မန္တလေးကို လုပ်ဖော်ကိုင်ဖက်အချို့နဲ့ သွားရောက်ခဲ့တဲ့ မထက်ဟာ မေမြို့ဘက်ရောက်တုန်း ပေါ့ပေါ့ပါးပါးဖက်ရှင်နဲ့ ပဲပေးကာ အလန်းဆုံးဓာတ်ပုံတွေရိုက်ခဲ့ပါတယ်တဲ့။

မိတ်ကပ်ဆရာမတစ်ဦးဖြစ်တဲ့ မထက်ကို သူမရဲ့ တပည့်တပန်းတွေကလည်း စားစရာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးသွားတယ်လို့ ဖေ့ဘုတ်မှာလည်း ရေးသားထားပါတယ်။

မိတ်ကပ်ပြင်ဆင်မှုပိုင်းမှာတော့ မထက်နဲ့ ပြင်ဖူးတဲ့ သူတိုင်း သိကြမှာပါ။  

သတင်းအရင်းမြစ် Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။