ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုကတော့ သူရဲ့ချစ်သူဂျော်ရီနာရိုဒရီဂွက်စ်နဲ့တူတူပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါမယ့်ခုချိန်မှာသူတို့နှစ်ယောက်အတွက်စိတ်မကောင်းစရာတစ်ခုဖြစ်ခဲ့တာပါ။အဲ့တာကတော့သူမချစ်သူဂျော်ရီနာရဲ့ဖခင်ကွယ်လွန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဂျော်ရီနာရဲ့ဖခင်ကတော့နာတာရှည်အဖျားရောဂါနဲ့အသက်၇၀မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ဖခင်ကတော့သူရဲ့ဇာတိမြို့ဖြစ်တဲ့အာဂျင်တီးနားမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဂျော်ရီနာတစ်ယောက်ကတော့ဒီအချိန်မှာအရမ်းကိုဝမ်းနည်းပူဆွေးနေတာဖြစ်ပါတယ်။ဂျော်ရီနာရဲ့ဖခင်ဈာပနအခမ်းနားကိုတော့ရော်နယ်ဒိုလည်းလိုက်ပါပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဂျော်ရီနာရဲ့ဖခင်ကတော့၂၀၁၃ခုနှစ်မှထောင်ကနေလွတ်မြောက်ခဲ့တာပါ။မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့်ထောင်ကျနေတာဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ဒီနှစ်ရာသီမှဂျုဗင်တပ်အသင်းကိုပြောင်းရွေ့လာတာဖြစ်ပြီးအသင်းအတွက်အရေးပါတဲ့သွင်းဂိုးတွေသွင်းပေးနိုင်တဲ့ကစားဖြစ်ပါတယ်။ဂျူဗင်အသင်းကလည်းအရေးကြီးပွဲတွေရှိတာကြောင့်ကစားပေးနေရပြီးချစ်သူအတွက်လည်းမလစ်ဟင်းအောင်ဂရုစိုက်ပေးနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။