ထိုင်းပရီးမီးယားလိဒ်ကလပ်မြောင်တောင်အသင်းမှာကစားနေတဲ့မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့နှစ်သစ်မှာကံကောင်းခြင်းတွေနဲ့စတင်ခဲ့ပါပြီ။အောင်သူကတော့ကဏ္ဌအသီးက ထူးချွန်ထက်မြက်သူတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 မှာ "ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား” များစာ

င်းထဲမှာပါပြီးဆုရခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲလေးကတော့နယ်ပယ်အရပ်ရပ်မှာတော်နေတဲ့သူတွေကိုဆုချီးမြှင့်တဲ့အခမ်းအနားပဲဖြစ်ပါတယ်။အဲ့လိုနယ်ပယ်တွေထဲမှာမှမြန်မာအသင်းရဲ့အဓိကကစားသမားပရိသတ်အချစ်တော်အောင်သူပါပါဝင်ခဲ့တာပါ။အောင်သူကတော့မြန်မာယူ၁၉အသင်းကိုယူ၂၀ကမ္ဘာဖလားဝင်ခွင့်ရအောင်ဂိုးပံ့ပိုးပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့နိုင်ငံအသင်းမှာပါဝင်ကစားရပြီးထိုင်းလိဒ်ကိုလည်းလစာမြင့်မားစွာနဲ့ပြောင်းရွေ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကတော့ခုမှာလည်းမြောင်တောင်အသင်းမှာခြေစွမ်းပြနေတာဖြစ်ပြီးထိုင်းပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။ဒီထက်ပိုပြီးအောင်မြင်မှုတွေကိုလည်းရယူနိုင်ပါစေလို့ဆုတောင်းပြီး သူ့ကိုဂုဏ်ပြုစကားလေးတွေနဲ့အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:Pride Of Myanmar Award

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။