အကယ်ဒမီရခြင်း မရခြင်းထက် ပရိသတ်ရဲ ့ချစ်ခြင်းမေတ္တာကို ရနေတာနဲ ့တင် အရမ်းကို ကျေနပ်နေပါပြီဆိုတဲ့ အေးမြတ်သူ 

အေးမြတ်သူရဲ ့ပရိသတ်တွေဟာ ၂၀၁၆ အကယ်ဒမီပေးပွဲမှာ အေးမြတ်သူကို အကယ်ဒမီဆုရဖို ့မျှော်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် အေးမြတ်သူ က ယခုနှစ်

အကယ်ဒမီဆုနဲ ့လွဲချော်ခဲ့ပါတယ်။ အဲ့ဒါနဲ ့ပတ်သက်ပြီး အေးမြတ်သူရဲ ့ခံစားချက်ကို အခုလိုပဲ ကြားသိရပါတယ်။ "အေးမြတ်သူတို ့ထက် အများကြီး သမ္ဘာရော ဝါရောရင်ြ့ပီးတော့ အိုက်တင်အကြောင်းကိုလည်း တကယ်ကို သေချာနားလည်သောသရုပ်ဆောင်ကြီးတွေ ပညာရှင်ကြီးတွေက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို မှားတယ်လို ့မထင်ဘူးရှင့်။ ပရိသတ်တွေက တော့ အေးမြတ်သူကို အရမ်းချစ်လို ့ရုပ်ရှင်ကားတစ်ကားပေါ်လာတာနဲ ့တစ်ကားမှန်းပေးတယ်။ ချစ်ကြတဲ့အခါ

ကြတော့ ပညာရပ်ပိုင်းဆိုင်ရာကို မကြည့်ဘဲ စိတ်ခံစားမှုနဲ ့ပဲ ကြည့်ကြတယ်။ ဒီဇာတ်ကားမှာ အရမ်းကောင်းတယ်။ ဒီဇာတ်ကောင်နဲ ့အရမး်လိုက်တယ်

ဆိုပြီးတော့ပေါ့နော်။ အေးမြတ်သူက အကယ်ဒမီရခြင်း မရခြင်းထက် ပရိသတ်ရဲ ့ချစ်ခြင်းမေတ္တာကို ရနေတာနဲ ့အေးမြတ်သူအရမ်းကိုကျေနပ်နေပါပြီ။

အေးမြတ်သူက ပိုခံသာတာက အများက မှန်းထားပေးတာက ဇာတ်ပို ့ဆုနဲ ့ပေါ့နော်။ အေးမြတ်သူ အမျီုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်းကို ပထမဆုံးဝင်တာနဲ ့တင်ကျေနပ်နေပါပြီ။ ဘာမှမမျှော်လင့်ထားရင် ဘာမှမဆုံးရှုံးဘူးဆိုတဲ့ ဆောင်ပုဒ်ကို အေးမြတ်သူလက်ကိုင်ထားပါတယ်။ အေးမြတ်သူက ကိုယ့်ကိုကိုယ်သိတယ်။ ကိုယ်လည်းအကောင်းဆုံးကြိုးစားတယ်။ သူများကောင်းတာကိုလည်းလက်ခံထားတယ်။ အေးမြတ်သူဘယ်လိုကောင်းကောငး် မသက်မွန်ကို မကျော်နို်င်ဘူး။ ဘာလို ့လည်းဆိုတော့ မသက်မွန်က အရမ်းကောင်းတယ်။ အေးမြတ်သူ အမြဲပြောတယ်။ အေးမြတ်သူ မသက်မွန်ရဲ ့အိုက်တင်ကို ကြိုက်တယ်။ အေးမြတ်သူ မသက်မွန်ရဲ ့အိုက်တင်နဲ ့လုပ်ကွက်ကို မလုပ်နိုင်ဘူး။ မကျော်လွှားနိုင်ဘူး။ အေးမြတ်သူရဲ ့နေရာမှာ ကောင်းတာပဲရှိတယ်။

တကယ့်တကယ် ကောင်းတာခြင်းယှဉ်ရင် မသက်မွန်ကပိုကောင်းတယ်။ တကယ့်ကို ထိုက်တန်တဲ့ လူမို ့ရတာပါ။

ကိုထွန်းထွန်းလည်းဒီလိုပဲ။ နဂိုတည်းက ကိုထွနး်ထွန်းကို မှန်းပြီးသား။ ကိုထွန်းထွန်းကအုတ်ကြားမြက်ပေါက်မှာ အရမ်းကောင်းတယ်။ အကဲဖြတ်ပေးတဲ့ ပညာရှင်ကြီးတွေလညး်တော်တော်တော့ အခက်တွေ ့မှာ။ ဘာလို ့လဲဆိုတော့ တစ်နှစ်တစ်နှစ်မှာ ဆုတစ်ဆု မပေးခဲ့ဘူးဆိုရင် ဂယက်က အရမ်းကြီးတယ်လေနော်။ အကုန်လုံးက ချစ်တဲ့အခါကြတော့ မပေးတဲ့အရာကို အမြဲဖြစ်ကြတယ်။ သူတို ့လည်း ဘယ်အပြောခံချင်ပါ့မလဲ။ အကုန်လုံးက မိသားစုလိုဖြစ်တဲ့အခါ ဖြစ်နိုင်

ရင်တော့ ပေးချင်တာပေါ့။ ပေးလို ့မရတဲ့အရာမျိုးကို သူတို ့လည်း သတ္တိရှိရှိနဲ ့ဆုံးဖြတ်ကြတာပါ။ အေးမြတ်သူ အဲ့လိုပဲခံစားရတယ်။ ဒီဇာတ်ကားကို ရိုက်တဲ့အခါမှာလည်း အကယ်ဒမီကို မှန်းပြီး မရိုက်ခဲ့ပါဘူး။ မိနီနေရာမှာငါမိနီဖြစ်ချင်တယ်ဆိုတဲ့စိတ်တစ်ခုနဲ ့လုပ်ခဲ့တာ။ အဲ့ဒါကို ချစ်တဲ့စိတ်တစ်ခုနဲ ့ ပရိသတ်ကြီးက အကယ်ဒမီမှန်းပေးကြတာ။ အဲ့ဒီအတွက်အရမ်းကို ပျော်ရွှင်ခဲ့ရတယ်။ အရမ်းကို ကြည်နူးခဲ့ရတယ် ပရိသတ်ရဲ ့မေတ္တာတရားတွေနဲ ့။ ကိုယ်လုပ်ခဲ့တာ ကိုယ်ကြိုးစားခဲ့တာကို ပရိသတ်က အသိအမှတ်ပြုပေးတယ်။ အဲ့ဒီအတွက် အရမး်ကို ကျေးဇူးတင်တယ် " လို ့အေးမြတ်သူက ပြောသွားခဲ့ပါတယ်။

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။