ကမ္ဘာ့နိုင်ငံများစွာမှာ ယုံကြည်ကိုးကွယ်လျှက်ရှိတဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာကတော့ အဓိကကိုးကွယ်လျှက်ရှိတဲ့ဘာသာကြီးလေးခု ပဲဖြစ်ပါတယ်။ အဆိုပါ ဘာသာကြီးလေးခုထဲမှာ လူတိုင်းဟာမိမိယုံကြည်ရာဘာသာတွေကိုကိုးကွယ်နေကြတာပါ။ခုနောက်ပိုင်းမှာတော့ဗုဒ္ဓဘာသာဟာကမ္ဘာနဲ့တစ်ဝှမ်းယုံကြည်ကိုးကွယ်တဲ့သူများလာတာပါ။

ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာ့ကျော် အနုပညာရှင်များ အားကစားသမားတွေကလည်းမိမိယုံကြည်ရာဘာသာကိုကိုးကွယ်နေကြပါတယ်။အဲ့ထဲမှာမှာမှတခြားဘာသာတွေကနေဗုဒ္ဓဘာသာကိုကူးပြောင်းတဲ့ကမ္ဘာကျော်တွေလည်းအများအပြားရှိတာပါ။ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ပြီးဗုဒ္ဓရဲ့ဆုံးမမှုတွေအောက်မှာလူတိုင်းကအေးချမ်းပြီးရှိနေကြတာပါ။

အဲ့လိုနိုင်ငံကျော်မင်းသားမင်းသမီးအားကစားသမားတွေထဲမှာမှကမ္ဘာကျော်တင်းနစ်မယ်မာရီယာရှာလာပိုဗာကလည်းဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြောင်းပုံရိပ်အချို့ကသိခဲ့ရပါတယ်။ထိုင်းနိုင်ငံကဘုန်းတော်ကြီးတွေကိုအလှူအတန်းတွေလုပ်ပြီးဆွမ်းလောင်းလှူနေတဲ့ပုံရိပ်တွေကပရိသတ်တွေကြားမှာချီးကျူးစရာတွေဖြစ်ခဲ့တာပါ။ကမ္ဘာကတောင်အအေးချမ်းလို့သတ်မှတ်ထားတဲ့ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်နေတဲ့ရှာလာပိုဗာရဲ့ပုံရိပ်လေးတွေကိုလည်းကြည်နူးဖွယ်တင်ဆက်ပေးလိုက်ကပါတယ်။

Source:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။