အိုက်စ်လန် နိုင်ငံအစိုးရကတော့ သူ့ရဲ့နိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ လုပ်ခလစာ ရရမယ်လို့တရားဝင်ကြေငြာလိုက် ပြီပဲဖြစ်ပါတယ်။ ဒီဥပဒေ ထွက်ပေါ်လာတာနဲ့တပြိုင်နက် အမျိုးသမီးတွေက အမျိုးသားတွေအောက် လစာလျှော့နည်းပီး ပေးခံရမယ်ဆိုရင် ဥပဒေကို ဆန့်ကျင်ရာရောက်ပါတယ်လို့ ပြောကြားထားပါတယ်။ ဒီဥပဒေဟာ ၂၀၁၈ ဇန်နဝါရိလ ၁ ရက်နေ့မှ၍ အကျုံးဝင်မှာဖြစ်တယ်လို့သိရှိရပါတယ်။

ဝန်ထမ်း ၂၅ယောက်အထက်ရှိတဲ့ မည့်သည့်လုပ်ငန်းအဖွဲ့အစည်းမဆို အမျိုးသားနှင့် အမျိုးသမီး တန်းတူ လုပ်ခလစာ ပေးအပ်ကြောင်း အစိုးရအသိအမှတ်ပြု ထောက်ခံချက်ရရှိ်အောင် ပြုလုပ်ထားရန်လိုအပ်တယ်လို့ ပြောကြားထားကြောင်း သိရှိရပါတယ်။ အကယ်၍အသိအမှတ်ပြု လက်မှတ်မပြုလုပ်ထားဘူးဆိုရင်တော့ ဒဏ်တပ်ခံရမယ်လို့ဆိုပါတယ်။

၎င်းဥပဒေကို ၂၀၁၇ ခုနှစ် မတ်လ ၈ရက်နေ့က တရားဝင်ကြေငြာခဲ့တာဖြစ်ပါတယ်။ ထိုနေ့ကတော့ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကျားမ လုပ်ခလစာကွာခြားမှု လုံးဝမပြောက်ရေးအတွက် ကနဦးခြေလှမ်းဖြစ်တယ်လို့လဲ ဆိုပါတယ်။ " တရားဥပဒေသတ်မှတ်ခြင်းဟာ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအတွက် အခြေခံကျတဲ့ ယန္တရားတစ်ခုပါ။ အလုပ်အားလုံးပြီးမြောက်ဖို့ တန်ဖိုးဖြတ်ပေးတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တူညီတဲ့လုပ်ခလစာရရှိဖို့ သေချာသွားစေတဲ့ ယန္တရားတစ်ခုလည်း ဖြစ်ပါတယ်" လို့ အိုက်စ်လန် နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းမှ Dagny Osk Aradottir Pind ကပြောကြားထားပါတယ်။ 

Ref - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။