ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ ရင်ချင်းဆက်အမြွှာတွေကိုတော့ ပရိသတ်တွေလည်း မကြာခဏတွေ့ရမယ်ထင်ပါတယ်။ ထူးထူးဆန်းဆန်းဖြစ်ရက်တွေနဲ့ အတူ သဘာဝတရားကြီးရဲ့ ဖန်တီးမှုတွေကြောင့် လူလောကမှာ နှစ်ယောက်တစ်ကိုယ်ဘဝတွေနဲ့ ရပ်တည်နေကြရသူတွေလည်း များစွာရှိနေပါတယ်။ အဆိုပါ ရင်ချင်းဆက်အမွှာတွေကတော့ ပြည်ပနိုင်ငံတွေသာမက ပြည်တွင်းမှာပေါ် ရှိခဲ့တာကို ပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။  

ဖေဖော်ဝါရီ ၁ရက်နေ့က ကလေးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရင်းချင်းဆက်အမြွာကလေးနှစ်ယောက်ရဲ့ ဘဝလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ အဆိုပါ ကလေးငယ်လေးတွေကတော့ မိန်းကလေးနှစ်ဦးဖြစ်ပြီး မွေးဖွားပြီး ၂၇က်အကြာမှာပဲ သေဆုံသွားခဲ့ကြောင်း သိရပါတယ်။ ကလေးနှစ်ယောက်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး “၂ ရက်ပဲ အသက်ရှင်တယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၂ နာရီလောက်က သေဆုံးသွားခဲ့တယ်။ ရက်နည်းနည်းထားပြီး နေကောင်းရင် မန္တလေးပို့ ခွဲစိတ်ဖို့ စောင့်နေရင်း” လို့ ရင်ချင်းဆက်အမြွှာရဲ့ ဖခင် ကိုကျော်ဇေယျက ပြောပြခဲ့ပါတယ်။ 

အဆိုပါ ရင်ချင်းဆက်အမြွှာနှစ်ယောက်ကတော့ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၃ မှာ နေတဲ့ ဦးကျော်ဇေယျနဲ့ သီတာဝင်းတို့က မွေးဖွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမြွှာကလေးငယ်ဟာ ရင်ချင်းဆက်အမြွှာ ဆိုပေမယ့် တယောက်စာ အဆုပ် အသည်း နဲ့ အသက်ရှင်နေရတာကြောင့် ရှင်သန်နိုင်ဖို့ အခက်အခဲဖြစ်ပြီး သေဆုံးတာလို့ ကလေးအထူကု ဆရာဝန်ကြီး ဒေါက်တာ နုနုထွေးက ပြောပြခဲ့ပါတယ်။ အဆိုပါ ရင်ချင်းဆက်အမြွှာကလေးငယ် ၂ ဦးကတော့ မြန်မာနိုင်ငံရဲ့ ၈ ယောက်မြောက် အမြွှာလည်း ဖြစ်ကြောင်း သိရပါတယ်။ စိတ်မကောင်းစရာကလေးငယ်လေးနှစ်ဦးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။