အီရန်နိုင်ငံကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်မှာ သူတို့ပိုင်ဆိုင်ထားတဲ့ လက်နက်သစ်တစ်ခုကို ပြသခဲ့တယ်လို့သိရပါတယ်။

သူတို့ပြသခဲ့တာကတော့ အကွာအဝေး ကီလိုမီတာ ၁၃၀၀ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်ပဲဖြစ်ပါတယ်။ 

အီရန်နိုင်ငံကတော့ ၎င်းဒုံးကျည်ကို နိုင်ငံရဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ထုတ်ပြခဲ့တာဖြစ်သလို နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်လို့သိရပါတယ်။ 

ဒါ့အပြင် ၎င်းဒုံးကျည်ကိုစမ်းသပ်ပစ်လွှတ်တဲ့အခါမှာလည်း သူတို့ပြောကြားထားတဲ့အတိုင်း ကီလိုမီတာ ၁၂၀၀ အကွာမှာရှိတဲ့ ပတ်မှတ်တွေကို တခုမှမလွဲအောင် ထိမှန်ခဲ့တယ်လို့သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။