မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော် တစ်ဦး ဖြစ်တဲ့ စိုင်းစိုင်းခမ်းလွိုင်နဲ့ နိုင်ငံကြော် ထပ်ဆင့်အကယ်ဒမီ မင်းသမီး ဝတ်မှုန်ရွွေရည်တို့ရဲ့ ဆက်ဆံရေးကို နောက်ကြောင်း ပြန်လွည့်မယ်ဆိုရင် သိပ်ကိုရင်းနွီးခဲ့တဲ့ ချစ်သူစုံတွဲ တစ်တွဲပေါ့……

စိုင်းစိုင်း ဆိုတာကေတာ့ အဆိုတော် ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ပြီး ဆယ်စုနွစ်တစ်ခုကြာ ယေန့ထက်ထိတိုင် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေဆဲ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်သလို ရုပ်ရွင်ဇာတ်ကားကြီးတွေလည်း မကြာခဏရိုက်ကူးနေပြီး ကစ်ကစ်နဲ့အတူ From Bangkok To Mandalay ဆိုတဲ့ ဇာတ်ကားမွာတောင် အတူတူတွဲ သရုပ်ဆောင်ခဲ့ပါသေးတယ်။

ချစ်သူဟောင်းတွေဖြစ်ခဲ့ဖူးတဲ့အတွက် ပြန်လည်ဆုံတွေ့ကြတဲ့အခါ ရွေးဟောင်းနွောင်းဖြစ်လေးတွေတော့ သတိရမိကြမွာပေါ့………

"From Bangkok To Mandalay" ဇာတ်ကား ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ထိုင်းနိုင်ငံကို အတူသွားခဲ့ကြသလို မကြာမကြာဆိုသလို ပွဲတွေမလည်း တွေ့နေရပေမယ့် ရည်းစားဟောင်းတွေဆိုပြီး မတည့်တာမျိုးမရှိဘဲ ဖေးဖေးမမနဲ့ရှိတာတွေ့ရပါတယ်။ Media တွေက တင်ခဲ့တဲ့ ဓာတ်ပုံအများစုမှာလည်း စိုင်းစိုင်းက ကစ်ကစ်ကို ကြည့်နေတဲ့ အကြည့်တွေကို တော့ ပရိသတ်တွေက အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်…

သူတို့နှစ်ယောက်ရဲ့ အမာခံ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို ပြန်တွဲစေချင်ကြပြီး ဟိုတလောက ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း ပွဲခင်းထဲကို ဝင်လာတာ ရှေ့ဆင့်နောက်ဆင့်မို့ အတူတူလာတာလားဆိုပြီးတောင် ပရိသတ်တွေက မေးနေကြပါတယ်……

Source: Sai and Kit's Fan

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။