ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၁၀%နှုန်းလောက်က ကျောက်ကပ်မှာ ဖြစ်ပေါ်တဲ့ ရောဂါဆိုးတွေကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ လူတစ်ယောက်အတွက် အပြင်ပိုင်းထိခိုက်မှုက ကုသဖို့ လွယ်သလောက် ကိုယ့်တွင်း အင်္ဂါတစ်ခုခု ချို့ယွင်းပျက်စီးပြီဆိုရင်တော့ ပျောက်ကင်းအောင် ကုသဖို့က အရမ်းကို ခက်ခဲပါတယ်။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ခြင်းက လူတိုင်းအတွက် အကောင်းဆုံး ကုသနည်းတစ်ခု ဖြစ်မှာပါ။ ယနေ့မှာတော့ ကျောက်ကပ်မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို မဖြစ်ပွားအောင် သင့်ရဲ့ ကျောက်ကပ်ကို အားဖြည့်ပေးမယ့် အစားအစာ (၅)မျိုးကို ပြောပြပေးသွားမှာပါ။

(၁) ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီဟာဆိုရင် ဗီတာမင် C ၊ ဗီတာမင် K နဲ့ B တို့ ပါဝင်တဲ့ အာဟာရဓာတ်ပေါကြွယ်တဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီမှာဆိုရင် ကျောက်ကပ်အတွက် လိုအပ်တဲ့ ဓာတ်တွေကိုလည်း ရရှိနိုင်တာကြောင့် အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး နေ့စဉ်စားသုံးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

(၂) ကြက်ဥ

ကြက်ဥမှာဆိုရင် အာဟာရဓာတ်အများဆုံးပါတာကတော့ ကြက်ဥအနှစ်ပဲ ပါ။ သူ့မှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြံ့ခိုင်စေတဲ့ အပြင် ကျောက်ကပ် ရောဂါတွေမဖြစ်ပွားအောင် တားဆီးပေးနိုင်တဲ့ phosphorus လည်း ပါဝင်ပါတယ်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း နေ့စဉ် သင့်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုနေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဂျင်းမှာဆိုရင် ဗီတာမင် C ၊ B6 နဲ့ ကျောက်ကပ်ကို အားဖြည့်ပေးနိုင်တဲ့ အခြားသောဓာတ်တွေများစွာပါဝင်တာကြောင့် စားသုံးသင့်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာဆိုရင် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် ဗီတာမင် K ၊ C နဲ့ B တို့အဓိက ပါဝင်တဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်ကို စားပေးချင်ဖြစ် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။

(၅) ကြက်သွန်နီ

ကြက်သွန်နီကလည်း နေ့တိုင်းစားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်ပြီးစားသုံးသင့်တဲ့ အရာတစ်ခုပါ။ ကြက်သွန်မှာဆိုရင် ဗီတာမင် C ၊ B နဲ့ အခြားသောဓာတ်တွေပါဝင်တာကြောင့် ကျောက်ကပ်တစ်ခုထဲကို သာမက ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် ဓာတ်တွေကို ပေးနိုင်ပါတယ်။

အထက်မှာဖော်ပြသွားတဲ့ အစားအစာ (၅)မျိုးကတော့ သင်နေ့တိုင်း စားသုံးပေးသင့်တဲ့ အစားအစာတွေဖြစ်တဲ့ အပြင် ခန္ဓာကိုယ်အတွက် တကယ့်ကို အထောက်အကူဖြစ်စေမယ့် အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲဂရုစိုက်ရင်း ကျန်းမာပျော်ရွှင်စရာ နေ့ရက်တွေကို နေ့တိုင်းပိုင်ဆိုင်လိုက်ရအောင်...။

Source:healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။