The Doomsday Seed Vault

နော်ဝေးနိုင်ငံမှာတည်ဆောက်ထားတဲ့ ဒီနေရာကြီးဟာ သဘာဝဘေးဒဏ်တွေကြုံတွေ့ရတဲ့အခါ ကမ္ဘာ့စားနပ်ရိက္ခာတွေ ပျက်လတ်သွားတာ မဖြစ်ရအောင် သိုလှောင်သိမ်းဆည်းထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ထိုနေရာမှာ မျိုးစေ့မျိုးစုံကို ထိမ်းသိန်းထားပြီး လူတွေဝင်မရောက်နိုင်အောင် လုံခြုံရေးကို အမြင့်ဆုံးထားထားတယ်လို့ သိရပါတယ်။ 

White Mountain

အဖြူရောင် တောင်ကြားလို့အမည်ရတဲ့ ဒီနေဟာ ကမ္ဘာပေါ်က ရှိရှိသမျှ အရေးကြီးဆုံးဖိုင်တွေ၊ အချက်အလက်တွေကို ထိန်းသိမ်းထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်ချက်တွေကို သိမ်းဆည်းထားတဲ့နေရာမို့လို့ မသမာသူတွေတွေ မလာရောက်နိုင်အောင် လုံခြုံရေးကို အမြင့်ဆုံးထားရှိထားပါတယ်။  

Bank Of England Gold

အင်္ဂလန်နိုင်ငံရဲ့ ပိုင်ဆိုင်သမျှရွှေတွေကို သိမ်းဆည်းထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ မြေအောက် ဂိုထောင်ထဲမှာ သိမ်းဆည်းထားတယ်လို့လည်း ပြောကြပြီး နိုင်ငံပိုင် ရွှေတွေကို သိမ်းဆည်းထားတဲ့ နေရာ ဖြစ်လို့ ဘယ်လောက်တောင် လုံခြုံရေးမြင့်မလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။  

Area 51

ဒီနေရာကတော့ သမိုင်းမှာ လူအပြောအများဆုံးနေရာတစ်ခု ဖြစ်ပြီး ဒီနေ့ဒီအချိန်အထိလည်း အာ့နေရာမှာ ဘာတွေရှိလဲဆိုတာ ရေရေရာရာပြောနိုင်တဲ့ သူမရှိသေးပါဘူး။ ထိုနေရာကို မရောက်ခင် တစ်မိုင်လောက်အလိုတည်းက မဝင်ရဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ ထောင်ထားပြီး ယနေ့အချိန် ဒီနေရာထဲကို ရောက်နိုင်တဲ့ သူမရှိသေးပါဘူး။  

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။