ပြင်သစ်နိုင်ငံ နန့်တက်စ်မြို့မှ အသင်းသစ်ဖြစ်သော ကာဒစ်ဖ်အသင်းအခြေစိုက်ရာ ကာဒစ်ဖ်မြို့သို့ ဇန်နဝါရီလ ၂၁ ရက်နေ့က အင်ဂျင်တစ်လုံးထိုးလေယာဉ်ငယ်ဖြင့် ပျံသန်းလာစဉ် အင်္ဂလန်ရေလက်ကြား ဂွါရန်ဆေးကျွန်း အနီးရေဒါတွင် လေယာဉ်ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်နိုင်ငံ နန့်တက်အသင်းမှဝေးလ်နိုင်ငံ အခြေစိုက်ကာဒစ်အသင်းသို့ သွားရောက်ပူးပေါင်းရန်လေယာဉ်ဖြင့် လိုက်ပါလာစဉ် သူပါဝင်လိုက်ပါလာတဲ့လေယာဉ်ဟာ ဗြိတိန်ရေလက်ကြားမှာအဆက်အသွယ်ပြတ်တောက်ခဲ့ပြီး လက်ရှိအချိန်ထိရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ ပျောက်ဆုံးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူဟာ ယခုဇန်နဝါရီလအပြောင်းအရွှေ့ကာလအတွင်း နန့်တက်အသင်းမှကာဒစ်အသင်းသို့ ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။ ကမ်းလွန်ရဲတပ်ဖွဲ့ဝင်တွေက ပထမ ၂ ရက်မှာ ရှာဖွေမှုတွေကို ပြုလုပ်ခဲ့ပြီး ရပ်နားလိုက်ပင်မဲ့ ဘောလုံးသမားေျတွရဲ့စုပေါင်းထည့်ဝင်မှုတွေကြောင့် ရှာဖွေရေးကို ပြန်လည်စတင်ဖို့အတွက် ပမာဏလုံလောက်ခဲ့တာကြောင့် ပြန်လည်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ပြန်လည်ရှာဖွေမှုတွေပြုလုပ်ပြီးမကြာမီမှာပဲ အင်္ဂလိပ် ရေလက်ကြား မှာ ပျောက်ဆုံး သွားခဲ့ တဲ့ ကာဒစ် စီးတီး တိုက်စစ် မှုး သစ် အီမီလီယာနို ဆာလာ ကို သယ်ဆောင် လာတဲ့ လေယာဉ် ပျက် ကို ရေအောက် မှာ ရှာဖွေ တွေ့ ရှိသွား ခဲ့ပြီ လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ အဆိုပါ လေယာဉ် ပေါ် မှာ ကာဒစ် ရဲ့ အသစ် စက် စက် တိုက် စစ် မှုး အီမီ လီယာနို ဆာလာ ( ၂၈ နှစ် ၊ အာဂျင်တီးနား သား ) နဲ့ ပိုင်းလော့ ဒေးဗစ် အစ်ဘော့စ်တွန် ( ၅၉ နှစ် ) တို့ ၂ ဦး တည်းသာ ပါဝင် ခဲ့ကြ ပြီး ဇန်နဝါရီ လ ၂၁ ရက်နေ့ က အင်္ဂလိပ် ရေလက် ကြား ကို ဖြတ်သန်း စဉ် မှာ အဆက် အသွယ် ပြတ် ပျောက်ဆုံး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။ ကာဒစ် ဟာ သူတို့ နဲ့ လုံး၀ မိတ်ဆက် ခြင်း မပြုလုပ် လိုက်ရ တဲ့ တိုက်စစ် မှုး သစ် ဆာလာ အတွက် ဝမ်းနည်း ပူဆွေး ခဲ့ကြ ပြီး ပရိသတ်တွေ ဟာ ကာဒစ် ကွင်းရှေ့ မှာ အမှတ် တရ ပန်းစည်း တွေ လာရောက် ထား ရှိခဲ့ကြ ပါတယ် ။ ကာဒစ် ဟာ ပြီးခဲ့တဲ့ အပတ် အတွင်း ကစားခဲ့ တဲ့ အိမ်ကွင်း ၊ အဝေးကွင်း ပွဲတွေ မှာ ဆာလာ အတွက် ဝမ်းနည်းကြောင်း အထိမ်း အမှတ် တွေ ဝတ်ဆင် ခဲ့ကြ သလို ဘုန်းမောက် ကို ၂ – ၀ ဖြင့် အနိုင် ရတဲ့ ပွဲ ကိုလည်း ဆာလာ အတွက် ရည်စူး ခဲ့ကြောင်း ပြောဆို ခဲ့ကြ ပါတယ် ။ လေယာဉ် မတော် တဆ မှု ရှာဖွေ ရေး အဖွဲ့ ဟာ လေယာဉ် ပျက် ရဲ့ အစိတ် အပိုင်း တွေ ကို တွေ့ ရှိ ခဲ့ပြီး ဆယ်ယူ နိုင်ဖို့ လုပ် ဆောင် နေပြီ ဖြစ်ကြောင်း ဆာလာ ရဲ့ မိသားစု ဝင်တွေ ကို အသိပေး ထားခဲ့ ပြီဖြစ် တယ်လို့ လည်း သိရ ပါတယ်။ အီမီလီယာနို ဆာလာ နဲ့ လေယာဉ်မှုး တို့ ရဲ့ ရုပ်ခန္ဓာတွေ ကိုတော့ ရှာဖွေတွေ့ ရှိ ခြင်း မရှိ သေး ပါဘူး ။ 

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။