ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိအောင်လအန်ဆန်းကတော့ ဂျပန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်ပြီး မကြာမီယှဉ်ပြိုင်မည့်ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။      

ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရမယ့်ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါပွဲကတော့ သူ့အတွက်စိတ်လှုပ်ရှားစရာပွဲတစ်ပွဲဖြစ်နေပြီး ဂျပန်နိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပထမဆုံးအတွေ့အကြုံတစ်ခုဖြစ်ကြောင်းကိုလည်း ပြောပြထားတာပဲဖြစ်ပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ကမ္ဘာ့အဆင့်မီဖိုက်တာကြီးတွေကို ခေါ်ယူလေ့ကျင့်လျှက်ရှိကြောင်းသိရပါတယ်။ ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ အောင်လအန်ဆန်းကတော့ ဇနီးနဲ့သားဖြစ်သူကိုလည်း အချိန်ပေးပြီးပျော်ရွှင်စရာလေးတွေကို ဖန်တီးပေးခဲ့တာတွေ့ရပါတယ်။  

မနေ့က အောင်လအန်ဆန်းကတော့ မိသားစုနဲ့အတူ တိရစ္ဆာန်ဥယျာဉ်သို့သွားရောက်ခဲ့ပြီး ပျော်ရွှင်မှုများနဲ့ ဖြတ်သန်းခဲ့ကြောင်း သိရပါတယ်။ နီးကပ်လာတဲ့ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပေမယ့်လည်း အောင်လအန်ဆန်းကတော့ မိသားစုအတွက်ရရှိလာတဲ့ အားလပ်ရက်လေးကို ပျော်ရွှင်စရာတွေအဖြစ် ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည်နူးစရာအောင်လတို့မိသားစု ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။