ကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့မိုနာကိုကစားသမားသစ် ဖာဘရီဂတ်စ်ကိုတော့ပရိသတ်တွေသိကြမှာပါ။သူကတော့ဒီအပြောင်းအရွေ့မှ ချယ်လ်ဆီးအသင်းကနေမိုနာကိုအသင်းကိုပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းမှာလည်းခြေစွမ်းပြဂိုးတွေသွင်းပြီးချန်ပီယံဆုဖလားတွေဆွတ်ခူးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ကတော့အာဆင်နယ်အသင်းကနေထွန်းတောက်လာတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးနာမည်ကြီးဘာစီလိုနာအသင်းနဲ့တူတူလည်းဥရောပအောင်မြင်မှုတွေယူနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အသက်ရွယ်တွေရလာပေမယ့်သူ့ရဲ့ခြေစွမ်းတွေကတော့အကောင်းဆုံးအနေထားမှာရှိနေတာဖြစ်ပါတယ်။

မိုနာကိုအသင်းကိုရောက်သွားတဲ့ဖာဘရီဂတ်စ်ကတော့မိုနာကိုအသင်းမှာလည်းခြေစွမ်းပြပြီးဂိုးတွေသွင်းယူပေးတာဖြစ်ပါတယ်။မနေ့ကယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တစ်ပွဲမှာအသင်းအတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မိုနာကိုအသင်းကတော့ဒီနှစ်ရာသီမှာရလဒ်တွေဆိုးနေတာကြောင့်ရလဒ်ကောင်းတွေရရှိဖို့ကစားသမားကောင်းတွေခေါ်ပြီးပြင်ဆင်နေတာဖြစ်ပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။