ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီသည် လာလီဂါပွဲစဉ်အဖြစ် ဗလင်စီယာအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းကြောင်း ဘာစီလိုနာအသင်းကထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ယင်းဒဏ်ရာကြောင့် မက်ဆီဟာ မည်သည့်ကာလအထိအနားယူရမည်ကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပဲ ဘာစီလိုနာအသင်းဆေးအဖွဲ့ကလိုအပ်တဲ့ဆေးစစ်မှုတွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ စပိန်အခြေစိုက်သတင်းဌာနများရဲ့ဖော်ပြချက်အရ မက်ဆီဟာ ပေါင်ခြံဒဏ်ရာကြောင့် စပိန်ကိုပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမဲ့ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက " မက်ဆီဟာ ဒဏ်ရာပြသနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဘယ်လိုဒဏ်ရာ ပြသနာလဲဆိုတာ ကတော့ ကျွန်တော်လည်း အတိအကျမပြောပြတတ်ပါဘူး။ အခုလောခောဆယ်တော့ အသင်းဆေးအဖွဲ့က လိုအပ်တဲ့ဆေးစစ်မှုတွေပြုလုပ်နေပါတယ်။ ကာလတစ်ခုထိတော့ အနားယူရမယ်လို့ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေ အားလုံးကောင်းမွန်တယ်ဆိုရင်တော့ ကိုပါဖလားဆီမီးဖိုင်နယ်ပြိုင်ပွဲ မှပါဝင်လာမှာပါ ။ ဒဏ်ရာအခြေအနေအရ အနားယူရမယ်ဆိုရင်တော့ သူပါလာနိုင်မှာ မဟုတ်ပါဘူး။ " လို့ပြောကြားထားတာပဲ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်နှင့်ပက်သက်၍ နည်းပြက " ဗလင်စီယာအသင်းနှင့်ပွဲစဉ်မှာ ကျွန်တော်တို့အသင်းက ပထမပိုင်းကစားသွားတဲ့ ပုံစံက နည်းနည်းလေးထူးဆန်းနေပါတယ်။ ပုံမှန်မဟုတ်ပါဘူး ။ ဗလင်စီယာအသင်းက ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ သူတို့အသင်း အတွက် အရေးပါတဲ့ ဂိုးတွေကို သွင်းယူခဲ့ပါတယ် ။ ဒါပင်မဲ့ကျွန်တော်တို့အသင်းက ဒုတိယအပိုင်းမှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ " လို့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။