တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အလှအပဆိုင်ရာတွေမှာလည်း ပြောင်းလဲမှု တီထွင်ဖန်တီးမှုတွေများစွာကို တွေ့ရပါတယ်။ အဲ့ဒီထဲမှာမှ တစ်ချို့သော အရာတွေကို လူတွေအတွက် အသုံးဝင်သလို အန္တရာယ်လည်း များစွာဖြစ်စေနိုင်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် မျက်မှန်အစားထိုးပစ္စည်းတစ်ခုအဖြစ် မျက်ကပ်မှန်ကို အသုံးပြုလာကြတာကို မြင်တွေ့ရမှာပါ။ မျက်ကပ်မှန်က မျက်မှန်တစ်ချိန်လုံးတပ်နေကတာထက် ပိုပြီးတော့ ကိုယ့်ရဲ့ မျက်နှာလေးကို လှပစေနိုင်ပေမယ့် မျက်ကပ်မှန်ရဲ့ နောက်ကွယ်မှာ ဆိုးရွားတဲ့ side effects တွေရှိနေပါတယ်။ ဒါဆို မျက်ကပ်မှန်ကို အသုံးပြုရင် ဘာတွေဖြစ်လာနိုင်သလဲ ကြည့်ရအောင်...

(၁) မျက်ကပ်မှန်တပ်ပြီဆိုရင် မျက်လုံးအတွင်းသားတစ်ခုလုံးကို ဖုံးအုပ်လိုက်တာကြောင့် ပုံမှန် မျက်လုံးတစ်လုံးရသင့်တဲ့ အောက်စီဂျင်ရရှိမှုတွေလျော့နည်းလာပါတယ်။ လိုအပ်တဲ့ အောက်စီဂျင်ကိုမရတဲ့အခါမျက်သားတွေခြောက်လာပြီး ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။

(၂) အပေါ်မှာပြောခဲ့သလိုပဲ မျက်သားတွေခြောက်လာတာနဲ့ အမျှ မျက်ရည်တွေလည်းခမ်းလာပြီး မျက်လုံးယားယံခြင်း၊ နီမြန်းလာခြင်းနဲ့ အမြင်အာရုံတွေကိုလည်း ပျက်ပြားသွားစေနိုင်ပါတယ်။

(၃) မျက်ကပ်မှန်ကို အချိန်ကြာမြင့်စွာတတ်ခြင်းကြောင့် မျက်လုံးယားယံလာတဲ့အခါ မျက်စဉ်းဆေးရည်တွေကို ခပ်ကြတာများပါတယ်။ တစ်ချို့ မျက်စဉ်းဆေးရည်တွေက ကိုယ့်ရဲ့ မျက်လုံးနဲ့ ဓာတ်မတည့်နိုင်တာကြောင့် သင့်ရဲ့ မျက်လုံးကို ပိုပြီး ဆိုးရွားစွာထိခိုက်စေနိုင်လို့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်သင့်ပါတယ်။

(၄) မျက်ကပ်မှန်ကို တပ်ခြင်းက မျက်ကြည်လွှာရဲ့ အရောင်ပြန်တဲ့ စနစ်ကို ပျက်စီးစေနိုင်ပါတယ်။ ဥပမာပြောရရင် သင့်ရဲ့ မျက်လုံးနားကို အရာဝတ္တုတစ်ခုခု ချဉ်းကပ်လာတဲ့ အခါ အရောင်ပြန်စနစ်ကြောင့် အန္တရာယ်ကို သိနိုင်ပါတယ်။ မျက်ကြည်လွှာ ရဲ့ အရောင်ပြန် စနစ် ပျက်စီးပြီးဆိုရင်တော့ ဒါတွေကိုလည်း သိနိုင်မှာ မဟုတ်တော့ပါဘူး။

(၅) မျက်ကပ်မှန်တပ်တဲ့ အခါ မျက်ကြည်လွှာနဲ့ တိုက်ရိုက်ထိတွေ့ရတာ ကြောင့် အချိန်ကြာလာတာနဲ့ အမျှ မျက်ကြည်လွှာကို ပွန်းပဲ့ ပျက်စီးစေနိုင်ပါတယ်။

(၆) ဒါပြင့် မျက်ကပ်မှန်က မျက်လုံးအိမ်နဲ့ အနေအထားမကျတဲ့ အခါ မျက်လုံးကို နီမြန်းစေနိုင်ပြီး မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

(၇) အဆိုးဆုံးအခြေအနေတစ်ရပ်ကတော့ မျက်ကပ်မှန်ကို သေသေချာချာ ဂရုတစိုက် အသုံးမပြုတဲ့ အခါ မျက်ကြည်လွှာမှာ ပိုးဝင်ပြီး ပြည်တည်တဲ့ အဆင့်ထိဖြစ်နိုင်လို့ သေသေချာချာဂရုစိုက်သုံးဖို့ လိုအပ်ပါတယ်။

မျက်မှန်ထက် မျက်ကပ်မှန်တပ်ခြင်းက ပိုပြီးဆွဲဆောင်မှုရှိတာကြောင့် မတပ်မဖြစ်တပ်ရမယ်ဆိုရင်လည်း ပျော့ပြောင်းပြီး ပိုးသေချာသတ်ထားတဲ့ မျက်ကပ်မှန်မျိုးကို တပ်သင့်ပါတယ်။ ဒါ့ပြင် ညအိပ်ယာဝင်တဲ့ အခါမှာလည်း မျက်ကပ်မှန် ကို မဖြစ်မနေချွတ်အိပ် ရပါမယ်။ ဒါဆိုရင်တော့ အရမ်းကြီး စိုးရိမ်ဖို့ မလိုတော့ပါဘူးနော်။

Source:insightvisioncenter.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။