အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ်ဟာ လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ကြေညာခဲ့ပါတယ်။

သူမကတော့ ဒီကြေညာချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ 

ဒါ့ကြောင့် အမေရိကန်ကပြားတယောက်ဖြစ်တဲ့ ဂတ်ဘတ်ဟာ အမေရိကန်ကွန်ဂရက်မှာ ပထမဆုံး ရွေးကောက်ခံရတဲ့ ဟိန္ဒူဘာသာဝင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီရတ်စစ်ပြန်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။  

၎င်းအမတ် တူဆီဂတ်ဘတ်ဟာ ဆီးရီးယားအရေးမှာ အမေရိကန် ကြားဝင်တာကို အစဉ်တစိုက်ဆန့်ကျင်ပြီး ၂၀၁၇ ခုနှစ်က သူဟာ ဆီးရီးယားသမ္မတ အာဆတ်ကို တိတ်တဆိတ် သွားရောက်တွေ့ဆုံခဲ့ဖူးတယ်လို့သိရပါတယ်။

ဒါ့ကြောင့် ပါတီက သူမကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်လို့သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။