လူတစ်ချို့ဟာဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လွယ်လွယ်အရှုံးပေးနေကြတာတွေ့ရပါတယ်။

တကယ်တော့ လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး ၊ မဖြစ်သေးတာပဲရှိတာပါ ဆိုတဲ့အတွေးကိုသာ ရင်ဝယ်ပိုက်ပြီး ကြိုးစားကြမယ်ဆိုရင်တော့ မိမိရဲ့စိတ်ကူးယာဉ်အိမ်မက်တွေ မပြည့်လာနိုင်စရာအကြောင်းမရှိပါဘူး။

ယခုတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တရုတ်နိုင်ငံ့ Zhang Junli ဆိုတဲ့ ပန်ချီးဆရာမလေးရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ 

သူမဟာ ငယ်ရွယ်စဉ်အခါထဲက အကြောသေတဲ့ ဝေဒနာကိုခံစားခဲ့ရတာကြောင့် သူရဲ့ခန္ဓာကိုယ်ဟာ လှုပ်ရှားလို့မရနိုင်တော့ပါဘူး။

ဒါပေမယ့် သူမရဲ့ ကိုယ်ဝါသနာပါတဲ့အလုပ် ကိုယ်ဖြစ်ချင်တဲ့အရာကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကလုံးဝပြောက်ကွယ်မသွားခဲ့တာကြောင့် Zhang Junli ဟာ လှုပ်ရှားလို့ရတဲ့ သူမရဲ့ညာဘက် လတ်တချောင်းကိုပဲသုံးကာ လှဲနေရင်းနဲ့ပဲ ပန်းချီကားတွေကိုဆွဲခဲ့ပါတယ်။

ဒီလိုရေးဆွဲဖို့အတွက် သူမမှာအခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ် ဒါပေမယ့် သူမလုံးဝလက်မလျှော့ခဲ့ပါဘူး ၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျိုးစားလာခဲ့တဲ့အခါမှာတော့ သူမဟာ အကြောသေနေပေမယ့် နာမည်ကျော်ပန်းချီဆရာမတစ်ယောက်ဖြစ်နေခဲ့ပါပြီ။ 

သူမအခုလိုဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ တခြားသူတွေစိုက်ထုတ်နိုင်ဖို့ခဲယဉ်းလှတဲ့ သူမရဲ့ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လကြောင့်ပဲဖြစ်ပါတယ်။

အကြောသေနေလို့ အိပ်ရာထဲကတောင်မထနိုင်တဲ့ မိန်းကလေးတစ်ယောက်ကတောင် သူဖြစ်ချင်တဲ့အရာကို မဖြစ်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့ ခြေအကောင်း လက်အကောင်းနဲ့ လူတွေဟာ ဘာလို့မဖြစ်နိုင်ပါဘူး ၊ ငါမလုပ်နိုင်ပါဘူးဆိုတဲ့စကားတွေပြောဖို့ လိုနေတော့မှာလဲ။

ဒီအမျိုးသမီးလေးကို နမူနာယူပြီးကြိုးစားလိုက်မယ်ဆိုရင် ကိုယ့်ရဲ့အိမ်မက်တွေ ဖြစ်ချင်တဲ့စိတ်ကူးတွေဟာ အနေးနဲ့အမြန်ဆိုသလို ကိုယ့်ဆီကိုရောက်လာမှာက ဘယ်သူမှညင်းလို့မရတဲ့ အမှန်တရားတခုပါပဲ။

အဲ့လိုဖြစ်ဖို့အတွက် ပရိသတ်တွေကိုလည်း ကိုယ်ဖြစ်ချင်တဲ့အရာက ဘယ်လောက်ခက်ခဲပြီး ခရီးလမ်းကကြမ်းတမ်းနေပါစေ မလျော့သောဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

source - Next Shark

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။