ပရိသတ်ကြီးရေ...ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ နိုင်ငံတကာမှ အံ့သြဖွယ်အကြောင်းအရာတွေက သင့်ကိုရယ်မောပျော်ရွင်စေတဲ့ ပုံရိပ်တွေကြောင်းတင်ဆက်ပြသပေးမှာဖြစ်ပါတယ်။ ထိုပုံရိပ်လေးတွေကတော့ လောကရှိ လူသားသတ္တဝါတွေအားလုံးတစ်ဦးနဲ့တစ်ဦးချစ်ခင်ကြင်နာတဲ့ သဘောထားလေးတွေကို ထင်ဟပ်ပြသနေတာလည်းဖြစ်ပါတယ်။

ထိုလှပကြည်နူးဖွယ်ကောင်းတဲ့ ပုံရိပ်လေးတွေ ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းတစ်ချို့ကိုလည်း ဖော်ပြပေးထားပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အလွန်ချစ်ခင်ကြင်နာတက်သော ဆရာမတစ်ဦးကို ၂၅ နှစ်ကြာတဲ့အခါမှာတော့ ကလေးတွေက သူတို့ရဲ့ကျောပိုးအိတ်လေးတွေ ညီညာစွာစုပုံပြီးအမှတ်တရအနေနဲ့ ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် အကူအညီလိုနေတဲ့ အိုးမဲ့အိမ်မဲ့လူတစ်ဦးကို ဆံပင်ညှပ်ပေးနေတဲ့ ပုံရိပ်လေးဟာဆိုရင်လည်း တစ်ကယ့်ကိုကြည်နူးစရာ မြင်ကွင်းပဲဖြစ်ပါတယ်။

ဒီထက်မက ကြောက်မက်ဖွယ်ရာကောင်းလွန်း ပင်လယ်ပြင် အလယ်တည့်တည့်မှာ လင်းပိုင် သတ္တဝါလေးနှစ်ကောင်ရဲ့ လျှပ်တပြတ်ရိုက်ကူးခံထားရတဲ့ ပုံရိပ်လေးဟာဆိုရင် ချစ်စဖွယ်ကောင်းလှပြီး ပရိသတ်ကြီးတို့ရင်ကို အေးမျှစေမှာဖြစ်ပါတယ်။ "သူတို့ကသင့်ကိုမေးခွန်းထုတ်ကြလိမ့်မယ်၊ သင့်ကိုသင့်လည်းပြန်မေးမိလိမ့်မယ် သို့မဟုတ် စကြာဝဠာကြီးက မေးခွန်းထုတ်လိမ့်မယ်၊ ထိုမြင်ချက်တွေ၊ ဝေဖန်မှုတွေကို လျစ်လျူရှုပြီး ၊ထိုတစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းတဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို နမူနာယူပြီး၊ သင့်လည်း လှပတဲ့ ကမ္ဘာကြီး ကိုပြောင်းလဲလိုက်ပါလို့" ၎င်းသတင်းကို ထုတ်ဖော်မျှဝေ တင်ဆက်သူက ဆိုထားတာပဲဖြစ်ပါတယ်။Myanmarload ပရိသတ်ကြီးလည်း မုဒိတာပွားပြီး တစ်ဦးနဲ့တစ်ဦးရိုင်းပင်းကူညီချင်စိတ်တွေဖြစ်ပေါ်လာအောင် ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

Source LIFE BUZZ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။