ဖေ့ဘွတ်အကောင့်ရီပို့ထုခံရတဲ့ကျော်ထက်အောင်
မြန်မာပြည်ကြီးGood night ပါလို့အပါတ်တိုင်းနှုတ်ဆက်တတ်တဲ့ကျော်ထက်အောင်ကို
လာမယ့်အပါတ်ပြီးရင်ခဏတာနှုတ်ဆက်ရတော့မှာပါ။
မီးလေးခဏပိတ်ပေးပါ။ကျွန်တော်ခဏနေပြန်လာခဲ့ပါမယ်ဆိုတဲ့အသံလေးတွေကိုပရိသတ်တွေလွမ်းနေရတော့မှာပါ။ဘာလို့လဲလဲဆိုတော့လာမယ့်စနေနေ့ဟာMyanmar Idolပြိုင်ပွဲရဲ့ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်လို့ပါပဲ။
လူတိုင်းမှာချစ်တဲ့လူတွေရှိသလိုမုန်းတဲ့လူတွေလည်းရှိတာပါပဲ။ပရိသတ်တွေအရမ်းချစ်ကြတဲ့ကျော်ထက်အောင်တစ်ယောက်အကောင့်ကိုရီပို့ထုခံလိုက်ရပါတယ်။
``Followerအရမ်းများတဲ့အကောင့်ကReportအထုခံလိုက်ရလို့ပျက်သွားပါပီ။ Reportထုခံရတာချစ်လွန်းလို့လားမုန်းလွန်းလို့လားမသိဘူး။အရင်တုန်းကဆိုအဲ့အကောင့်မှာFan တွေနဲ့စကားပြောဖြစ်တယ်။အချိန်ပေးပြီးကိုပြောတာပါ။အခုတော့အသစ်ဖွင့်ထားတဲ့ အကောင့်သစ်ကိုသုံးနေရတယ်။အကျင်္ ီလိမ္မော်ရောင်ဝတ်ထားတဲ့Profileလေးနဲ့ပါ´´တဲ့။
ကျော်ထက်အောင်ကိုချစ်တဲ့ပရိသတ်ကြီးကျော်ထက်အောင်ရဲ့အကောင့်သစ်မှာကျော်ထက်အောင်ကိုသွားပြီးဝန်းရံပေးကြပါဦး။
Source-local media
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။