ရင်သားကင်ဆာဆိုတာဟာ အမျိုးသမီးတွေအတွက် ကြောက်စရာအကောင်းဆုံး ကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်ပွားတဲ့ အမျိုးသမီး နေတဲ့ အမျိုးသမီး ၈ယောက်မှာဆိုရင် တစ်ယောက်က သေဆုံးနိုင်ခြေရှိပါတယ်။ ရင်သားကင်ဆာဖြစ်ပွားသူ အများစုက အိမ်ထောင်မရှိသူ ဒါမှမဟုတ် အသက်(၃၀)အထက် အိမ်ထောင်သည်တွေမှာ အများဆုံးဖြစ်ပွားနေတာကို မြင်တွေ့ရမှာပါ။

ရင်သားဖြစ်ပွားခြင်းက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုကနေစတင်ဖြစ်ပေါ်လာတာပါ။ အဲ့နောက် ရင်သားမှာ သေးငယ်တဲ့ အကျိတ်လုံးလေးတွေကနေတစ်ဆင့်တဖြည်းဖြည်း ကင်ဆာဆဲလ်တွေ ပြန့်နှံလာပြီး ရင်သားကို ပျက်စီး ယိုယွင်းလာစေပါတယ်။

ရင်သားကင်ဆာရှိမရှိကို ဘယ်လို စမ်းသပ်မလဲ?

ရေချိုးတဲ့ အချိန်ပဲ ဖြစ်ဖြစ် အင်္ကျီလဲတဲ့ အချိန်ပဲ ဖြစ်ဖြစ် အဆိုပါ အချိန်တွေက ရင်သားကင်ဆာ လဏ္ခာရှိမရှိ စမ်းသပ်ဖို့အတွက်အချိန်ကောင်းတွေ ဖြစ်ပါတယ်။ ယခုပြောပြပေးမှာကတော့ ရင်သားကင်ဆာ ရဲ့ အစပျိုးလဏ္ခာတွေပါ၊

- ရင်သားနဲ့ ချိုင်းနေရာတွေမှာ အလုံးအကျိတ်ပုံစံပေါ်လာခြင်း

- ရင်သားအရောင်ပြောင်းလာခြင်း

- မူလရှိနေတဲ့ ရင်သားအရွယ်အစား ပြောင်းလဲလာခြင်း

- ရင်သားတစ်ဝိုက် အရေပြားချိုင့်ဝင်ခြင်း

- နို့သီးခေါင်းနားတစ်ဝိုင် မခံနိုင်လောက်အောင် ယားယံလာခြင်း

- နို့သီးခေါင်းအတွင်းသို့ ချိုင့်ဝင်လာခြင်း

- နို့သီးခေါင်းမှ သွေး ဒါမှမဟုတ် အနံဆိုးသောအရည်ကြည်များထွက်လာခြင်း

အဆိုပါထဲကမှ တစ်ခုခုကိုခံစားလာရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးတွေ့ပြီး ဆွေးနွေးသင့်ပါတယ်။ လုံးဝမရှက်ပါနဲ့နော်။

ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေရှိတဲ့ သူတွေကတော့ ...

- အသက် (၃၀) နဲ့ အထက် အမျိုးသမီးများ

- အပျိုဖော်စဝင်သော အမျိုးသမီးငယ်လေးများ

- ကလေးမရှိသော သူများ

- မီးယပ် သွေးဆုံးနောက်ကျသူများ

- မိသားစုတွင် ရင်သားကင်ဆာ ဖြစ်ပွားဖူးသူ မျိုးရိုး ရှိသူတွေက သာမန် အမျိုးသမီးတွေထက်စာရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေပိုပြီးတော့များပြားပါတယ်။ ဒါကြောင့် ယခုကတည်းက ရင်သားကင်ဆာမဖြစ်ရအောင် အစစအရာရာဂရုစိုက်ပြီး ကိုယ့်ရဲ့ ရင်သားအနေအထားကို အမြဲ စမ်းသပ်စစ်ဆေးသင့်ပါတယ်။

Source:medicalnewstoday.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။