အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရင့်ဂျ်ကောင်တီက နေအိမ်တစ်လုံးပေါ်ကို လေယာဉ်ငယ်တစီးပျက်ကျခဲ့တယ်လို့သိရပါတယ်။

၎င်းလေယာဉ်ငယ်ကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကပျက်ကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အခင်းဖြစ်ရာနေရာကိုရှင်းလင်းမှုတွေပြုလုပ်နေပါတယ်။

၎င်းလေယာဉ်ငယ် ပျက်ကျမှုကို မြင်တွေ့ခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကတော့ ပေါက်ကွဲသံကြားပြီးနောက် လမ်းပေါ်ကို လေယာဉ်အင်ဂျင် လိမ့်ဆင်း လာတယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ်သက်သေတစ်ဦးကလည်း ၎င်းလေယာဉ်ပျက်ကျချိန် နေအိမ်ထဲမှာ လူတွေရှိနေတယ်လို့လည်းပြောကြားခဲ့ပါတယ်။

၎င်းလေယာဉ်ပျက်မှုကြောင့် သေဆုံးသူအနေနဲ့ဆိုရင်လည်း လေယာဉ်မှူးအပါအဝင် စုစုပေါင်း ၅ ဦးအထိရှိခဲ့ပါတယ်လို့ သိရပါတယ်။ ]

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။