ရုရှနိုင်ငံ ဆာဗီးယား ဒေသတွင်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးတွင်းပေါက်ကြီးတွေရှိတဲ့နေရာတွေမှာ ယခုရက်ပိုင်အတွင်းကစ မြေကြီးတွေအက်ကွဲလာပြီး methane gas မီသိမ်းဓါတ်ငွေ ့အမြုပ်တွေဟာ တွင်းပေါက် မြေကြီးအောက်ခြေနဲ ့အနီးဆုံးနေရာတွေကနေ ဂါလံ (၇၀၀၀)ခန် ့ထွက်လာနေကြောင်း ဆားဗီးယား ဒေသဆိုင်ရာ သတင်းတွေမှာဖေါ်ပြနေပတယ်။

ယခုဖြစ်ပွားနေတဲ့နေရာကို ဆားဗီးယား အာဏာပိုင်တွေနဲ ့ သိပ္ပံပညာရှင်

များ ပါ၀င်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ ့တွေ က သွားရောက်စစ်ဆေးနေကြပါပြီ။

ရုရှ အကယ်ဒမီ သိပ္ပံRussian Academy of Science ဌာနတာဝန်ခံတွေကတော့ တွင်းပေါက်ကြီးအောက်ခြေမှာ မီသိမ်း

ဓါတ်ငွေ ့တွေကြွတက်လာတာဟာ ကမ္ဘာရာသီ ပြောင်းလဲလာရာကနေ အပူချိန် မြင့်တက်လာနေလို ့ မြေကြီးအောက်ပိုင်းမှာရှိနေတဲ့ မီသိမ်းဓတ်ငွွေ ့

တွေတွန်းကန်ထွက်လာခဲ့တာဖြစ်ကြောင်း၊

ယခုအခြေအနေကနေအပူချိန်ပိုများခဲ့ရင် မီးလောင် ပေါက်ကွဲမှုတွေဖြစ်လာနိုင်တယ်လို ့သတိပေးထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။