ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် မတ်လ ၈ ရက်တွင် ကျင်းပမည့် Region of Valor MMA ( One Championship) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဖိုးသော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ယိုဟန်မူလီလီယာလက်ဂိုဝိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။ ဖိုးသော်ဟာ ယင်းပြိုင်ပွဲအတွက် ဇန်နဝါရီ ၂၉ ရက်မှစပြီး ထိုင်းနိုင်ငံဖုူးခက်မြို့ရှိ တိုက်ဂါးကလပ်တွင် လေ့ကျင့်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

" ဒီပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပိုလုပ်ထားတယ်။ ဂျူဒိုနဲ့နဘန်းပညာရပ်တွေ ကိုလည်းတစ်ပတ်ကို ခြောက်ရက်လောက်လေ့ကျင့်နေတယ်။ ဒါပင်မဲ့ နိုင်ငံတကာက ကစားသမားတွေနဲ့ယှဉ်ရင် အခုလေ့ကျင့်မှုတွေက လုံလောက်တယ်လို့ပြောလို့မရသေးဘူး " လို့ဖိုးသော်က ပြောကြားထားတာပဲ ဖြစ်ပါတယ်။ ဖိုးသော်ဟာ မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပသည့် MMA ပြိုင်ပွဲတွင် မလေးရှားတိုက်ခိုက်ရေးသမား ကယာနူးဆူးဘားရဲ့ချုပ်ကွက်ကြောင့် ပခမအချီတွင် ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ ယိုဟန်မူလီယာလက်ဂိုဝိုဟာ အင်ဒိုနီးရှားတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး တိုက်ခိုကရေးသမားဘဝတစ်လျှောက် MMA ပြိုင်ပွဲ စုစုပေါင်း ၁၅ ပွဲယှဉ်ပြိုင်ထားကာ ရှစ်ပွဲနိုင် ၊ ခုနှစ်ပွဲ ရှုံးရလာဒ်ထွက်ပေါ် ထားတာပဲ ဖြစ်ပါတယ်။  

ဒါ့အပြင် ယိုဟန်မူလီယာလက်ဂိုဝိုရဲ့နောက်ဆုံးယှဉ်ပြိုင်ထားသော MMA ပြိုင်ပွဲငါးပွဲတွင် တစ်ပွဲသာ အနိုင်ရရှိထားသောသူ ဖြစ်သော်လည်း MMA ပြိုင်ပွဲများကို ၂၀၀၂ ခုနှစ်မှ စတင်ယှဉ်ပြိုင်ခဲ့သူဖြစ်သောကြောင့် ကိုယ်ခံပေါင်းစုံသုံးပြိုင်ပွဲများတွင် အတွေ့အကြုံများသော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တာကြောင့် ဖိုးသော်တစ်ယောက်တော့ ခက်ခက်ခဲခဲယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo - Phoe Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။