ဆိုမာလီယာနိုင်ငံ မြို့တေ်ာ မိုဂါဒစ်ရှူးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ကားဗုံးပေါက်ကွဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းကားဗုံးဖောက်ခွဲမှုအပြီးမှာတော့ တာဝန်ရှိသူတွေဟာ ဒီတိုက်ခိုက်မှုက အယ်လ်ရှာဘတ် စစ်သွေးကြတွေလက်ချက်ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

၎င်းဗုံးပေါက်ကွဲမှုဟာ ဈေးဆိုင်တွေ ၊ စားသောက်ဆိုင်တွေနဲ့ လူစည်ကားရာ နေရာမှာဖြစ်ပေါ်ခဲ့တာကြောင့် ထိခိုက်မှုတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်။

သေဆုံးသူ အနေနဲ့ဆိုရင်လည်း ၁ ဦးရှိပြီး လူ ၁၁ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် ၎င်းဗုံးပေါက်ကွဲမှုကြောင့် ကား ၄ စီးနဲ့ စားသောက်ဆိုင် တဆိုင်လည်း ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းအခင်းဖြစ်ပွားမှုကြောင့် ထိခိုက်သွားသူတွေကို ဆေးကုသပေးနေပြီး ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာ အတိအကျသိရဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။