လစဉ်ပြည်သူများစွာကံစမ်းနေကြတဲ့ မြန်မာ့အောင်ဘာလေထီရဲ့ တိုးမြှင့်လုပ်ဆောင်မှုတွေကတော့ ကံစမ်းသူ ပြည်သူအပေါင်းကို ပိုမိုစိတ်ဝင်စားစေခဲ့တာပဲဖြစ်ပါတယ်။ ကျပ်သိန်းတစ်သောင်းကံထူးစဉ်တွေကို လစဉ်ရွေးထုတ်ပေးခဲ့ပြီး ပြည်တွင်း ပြောင်းလဲသွားတဲ့ သဌေးလောင်းတွေကတော့ များစွာရှိခဲ့ပါပြီ။ ယခု ဖေဖော်ဝါရီလ မှာလည်း ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ကျပ်သိန်း ၂သောင်းခွဲအထိ ဆုကို တိုးမြှင့်ခဲ့တာတွေ့ရပါတယ်။  

ယခင်ရောင်းချလျှက်ရှိတဲ့ ၅၀၀ ကျပ်တန် ကျပ်သိန်းတစ်သောင်းဆုနှင့်အတူ ၁၀၀၀ကျပ်တန် ငွေကျပ်သိန်းတစ်သောင်းခွဲဆုကိုပါ ထပ်မံရောင်းချတော့မှာဖြစ်ကြောင်း သိရပါတယ်။ ပြောင်းလဲရောင်းချပုံနဲ့ပတ်သက်ပြီး တစ်ထောင်ကျပ်တန်ထီကတော့ " အထူးဆုကြီးအနေဖြင့် ကျပ်သိန်းတစ်သောင်းခွဲ၊ သိန်းငါးထောင် (သုံးဆု)၊ ကျပ်သိန်းနှစ်ထောင်( ၆ဆု)၊ သိန်းတစ်ထောင်( ၁၀ဆု) တို့အပြင် ဆုမဲပေါင်းများစွာကို ကံစမ်းသွားမှာဖြစ်ကြောင်း " သိရပါတယ်။  

ဒါအပြင် ငွေကျပ် ၅၀၀တန်ထီမှာတော့ " သိန်းတစ်သောင်းဆုကြီးနှင့်အတူ သိန်းတစ်ထောင်၊ သိန်း၅၀၀နှင့် အခြားဆုမဲပေါင်းများစွာကို သီးခြားကံစမ်းသွားမှာဖြစ်ကြောင်း " သိရပါတယ်။ တိုးမြှင့်လိုက်တဲ့ အောင်ဘာလေထီလက်မှတ်ဈေးနှုန်းနဲ့အတူ ဆုမဲအရေအတွက်နဲ့ အထူးဆုကြီးတွေကတော့ ပရိသတ်တွေအားလုံးကို ဘဝပြောင်းသွားစေမယ့် ဆုကြီးတွေပဲဖြစ်ပါတယ်။ အဆိုပါ ၁၀၀၀တန်ထီလက်မှတ်တွေကိုတော့ ဖေဖော်ဝါရီ ၁ရက်နေ့က စတင်ရောင်းချနေပြီဖြစ်ပြီး ပရိသတ်တွေအားလုံး ထီထိုးကံစမ်းရင်း ဆုကြီးများစွာကိုရရှိနိုင်ကျဖို့ ဆုတောင်းပေးလိုက်ပါတယ်။

pHOTOS - AUNG BAR LAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။