ပရိသတ်ကြီးရေ... ယခုနောက်ပိုင်းမှာဆိုရင် နေရဲ့ အလင်းရောင်မှာ ခရမ်းလွန်ရောင်ခြည်ဓာတ်တွေများစွာပါဝင်လာတာကြောင့် ကျွန်ုပ်တို့ရဲ့ အသားအရေတွေကို ပိုပြီးတော့ အလွယ်တကူပျက်စီးစေနိုင်ပါတယ်။ နေက တဆင့်ရရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မိတဲ့ အသားအရေအများစုက ပြန်ပီးကုသဖို့ မလွယ်တဲ့ နေလောင်ခြင်းတွေအပြင် အသားအရေလောင်ကျွမ်းပျက်စီးခြင်းတွေကိုလည်း ဆိုးရွားစွာ ဖြစ်ေ်ပါ်ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် နေလောင်တဲ့ ဝေဒနာကို စပြီးခံစားရပြီဆိုရင် အလျင်မြန်ဆုံးကုသနိုင်ဖို့ အရေးကြီးပါတယ်။

နေလောင်ပြီဆိုရင်...

- အသားအရေ နီမြန်းလာခြင်း

- ရောင်ရမ်း နာကျင်လာခြင်း

- အသားအရေ မညီတော့ခြင်း

- အရေပြား အလွှာလိုက်ကွာကျခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ...

အတတ်နိုင်ဆုံးကတော့ နေပူထဲကို မထွက်တာအကောင်းဆုံးပါပဲ။ မနက်ခင်းနေက ရောဂါပိုးတွေကို သေစေပေမယ့်လည်း မနက် ၉နာရီနောက်ပိုင်းနေရောင်ခြည်ကတော့ ခရမ်းလွန်ရောင်ခြည်ဓာတ်တွေများတာကြောင့် အသားအရေကို မထိမိအောင် ဂရုစိုက်သင့်ပါတယ်။ အသားအရေကို ကာကွယ်ပေးနိုင်မယ့် လုံလုံခြုံခြုံဖြစ်စေမယ့် အဝတ်အစားတွေကိုလည်း ရွေးချယ်ပြီး ဝတ်သင့်ပါတယ်။

နေလောင်ခြင်းကို ခံရပြီဆိုရင်...

- ရေများများသောက်ပါ ( ရေဓာတ်ကို ဖြည့်ပေးတဲ့ အချိုရည်လည်း ရပါတယ်)

- အေးတဲ့ ပတ်ဝန်းကျင်မှာနေပါ

- ရေခဲထုပ် ဒါမှမဟုတ် ရေအေးလေးနဲ့ နေလောင်ထားတဲ့ နေရာတွေကို ကပ်ပေးပါ

- ရေအေးနဲ့ ရေချိုးပေးပါ

- အုတ် ဂျုံမှုန့် ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ အမုန့်ကို ရေချိုးရင် သုံးပေးပါ

- ရေမွှေးပါတဲ့ ရေချိုးဆပ်ပြာရည်နဲ့ ဆပ်ပြာတုံးတွေကို အသုံးမပြုပါနဲ့

- သံလွင်ဆီ ဒါမှမဟုတ် ရှားစောင်းလက်ပတ် အနှစ်ကို နေလောင်ထားတဲ့ နေရာတွေကို ညှင်သာစွာ လိမ်းပေးပါ

- အသားအရေကို အေးမျှစေမယ့် အဝတ်အစားတွေကို ဝတ်ပေးပါ။

ဒါဆိုရင်တော့ နေလောင်တာကို အမြန်ဆုံးပျောက်ကင်းစေနိုင်ပြီး နေလောင်ခြင်းဒဏ်ကလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လှပတဲ့ အသားအရေဆိုတာ တန်ဖိုးရှိလို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

Source: medicinenet.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။