AFC Champions League 2019, Preliminary round 1 အဖြစ်ဒီနေ့ညနေ၆နာရီမှာ ဖိလစ်ပိုင်နိုင်ငံ၊ ဘယ်ကိုလော့ မြို့မှာရှိတဲ့ Panaad and Park stadium မှာ ကစားတော့မှာဖြစ်ပါတယ်။ဒီပွဲမှာတော့မြန်မာနိုင်ငံရဲ့ထိပ်သီးကလပ်ရန်ကုန်ယူနိုက်တက်အသင်းနဲ့ဖိလစ်ပိုင် ကလပ်ဆီးရက်စ်နီဂရို့စ် အသင်းတို့ကစားကြမှာဖြစ်ပါတယ်။

ဒီနှစ်သင်းကတော့မနှစ်က AFC Cup 2018 ဇုန်အကြိုဗိုလ်လုပွဲမှာလည်း တွေ့ဆုံခဲ့ကြပြီး ဆီးရက်စ် အသင်းက နှစ်ကျော့ပေါင်း ဂိုးကွာခြားချက်အသာနဲ့ ဗိုလ်လုပွဲ တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းကလည်းဒီနှစ်မှာပြင်ဆင်မှုတွေနဲ့AFC Champions League 2019 ပြိုင်ပွဲခြေစစ်ပွဲကိုအောင်မြင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

အာရှရဲ့အဆင့်မြင့်ဆုံးကလပ်ပြိုင်ပွဲဖြစ်တာကြောင့်အသင်းတိုင်းကတော့ခြေစစ်ပွဲအောင်မြင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းရန်ကုန်အသင်းကိုအဲ့လိုအဆင့်မြင်ပြိုင်ပွဲတွေမှာပါဝင်စေချင်တာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုတော့ ဖိလစ်ပိုင် ပြည်တွင်းရုပ်သံလိုင်းတွေမှာ ထုတ်လွှင့် ပြသပေးသွားမှာဖြစ်ပြီး ပရိသတ်တွေ ပွဲသတင်းကို သိရှိနိုင်ဖို့ Yangon United Facebook Page မှာတင်ပေးသွားမှာ ဖြစ်ပါတယ်။ စ်သင်းစလုံး ပွဲထွက်လူစာရင်း ဘယ်သူတွေပါလာပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမလဲ ဆိုတာတော့ညနေ၆နာရီမှာစောင့်ကြည့်ပြီးအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:Yangon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။