Slovakia နိုင်ငံမှာ အပြေးပြိုင်ပွဲတစ်ခု ကျင်းပခဲ့ပြီး အဆိုပါမာရာသွန်အပြေးပြိုင်ပွဲတစ်ခုက မထင်မှတ်ဘဲ ကမ္ဘာ့ကျော်သွားခဲ့ပါတယ်။ အပြေးသမားတစ်ဦးဟာ အမေ မွေးကတည်းက ပါလာတဲ့ ပစ္စည်းလေးဖြစ်တဲ့ ငယ်ပါတန်းလန်းနဲ့ ပန်းဝင်အောင်ပြေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါကစားသမားကတော့ ငယ်ပါကို တောင် ဂရုမစိုက်နိုင်ဘဲ အနိုင်ရလိုစိတ်နဲ့ ပန်းဝင်အောင်ပြေးခဲ့ပါတယ်။ 

အဆိုပါဖြစ်ရပ်လေးမှာ မကြာခင်ရက်ပိုင်းအတွင်းက တစ်နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ကျော် အားကစားသတင်းတစ်ခုဖြစ်တဲ့ SHOW WORLD က အဆိုပါကစားသမားရဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ငယ်ပါတန်းလန်းနဲ့ ပန်းဝင်အောင်ပြေးတဲ့ ဗီဒီယိုလေးကို YOU TUBEပေါ်တင်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။အဆိုပါဖြစ်ရပ်လေးကတော့ အားကစားသမားတစ်ယောက်ရဲ့ နိုင်လိုစိတ်ပြင်းထန်နေပုံကို ပြသနေပြီး အဆိုပါကစားသမားကတော့ ခပ်တည်တည်နဲ့ ပရိသတ်တစ်ဦးနဲ့ လက်ဝါးတောင်ရိုက်လိုက်ပါသေးတယ်။ 

အဆိုပါကစာသမားကတော့ Slovakiaနိုင်ငံသားဖြစ်ပြီး သာမန်ကစားသမားတစ်ဦးပဲဖြစ်ကာ ငယ်ပါးတန်းလန်းနဲ့ ပန်းဝင်အောင်ပြေးခဲ့တဲ့ ကိစ္စဟာ သူကို နည်းမည်ကြီးစေခဲ့ပါတယ်။ ယခုမှာတော့ သူက အပြေးပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။ ကျွန်တော်တို့လဲ ငယ်ပါတန်းလန်းနဲ့ ပန်းဝင်အောင် ပြေးခဲ့တဲ့ အဆိုပါကစားသမားရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်လေးကို ဂုဏ်ပြုပေးလိုက်ရအောင်လားခင်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။