အကယ်ဒမီ အတွက် အမျိုးသမီးဇာတ်ဆောင် စာရင်းဝင်သူတွေထဲမှာ အေးမြတ်သူလဲ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ ပါတယ် ။ တစ်ခါမှအကယ်ဒမှမရဖူးသေးတာကတစ်ကြောင်း အေးမြတ်သူကိုချစ်ကြတဲ့ ပရိသတ်တွေလဲပေါတာကတစ်ကြောင်း အေးမြတ်သူကိုလည်း …အကယ်ဒမီတစ်ဆုဆုရစေချင်ကြတာအမှန်ပါပဲ.

အကယ်ဒမီဆုကြီးနဲ့လွဲခဲ့တဲ့ အေးမြတ်သူကတော့ သူမခံစားချက်တွေကို Myanmar Celebrity Media မှာအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“သဘာရင့် ဝါရင့်ဆရာသမားတွေဆုံးဖြတ်ပြီးပေးတဲ့ ဆုကို မှားတယ်လို့မထင်ပါဘူး။ အေးမြတ်သူကိုချစ်တဲ့ ပရိသတ်ကြီးကတော့ ဘယ်ကားလေးပဲပါပါအကယ်ဒမီရစေချင်တာပါ။ ဒါပေမယ့် အေးမြတ်သူ ကောင်းတယ်ဆိုတာ မသက်မွန်ကိုတော့ မကျော်နိုင်ပါဘူး.။ အေးမြတ်သူလည်း မသက်မွန်ရဲ့ သရုပ်ဆောင်ချက်တွေကို အရမ်းသဘောကျတာပါ။ တကယ်လည်းကောင်းပါတယ်။ ဇာတ်ဆောင်အနေနဲ့ ဇကာတင်စာရင်းဝင်တာကိုပဲ အေးမြတ်သူက ကျေနပ်လှပါပြီ။ နောက်ပြီး အေးမြတ်သူ ဘာမှမမျှော်လင့်ထားတော့ ဘာမှမရှုံးရပါဘူး။ ရိုက်ကတည်းက အကယ်ဒမီကိုမှန်းပြီးရိုက်တာမဟုတ်ပါဘူး။ ပရိသတ်အချစ်တွေရတာနဲ့ပဲကျေနပ်ပျော်ရွှင်ပါတယ်”

ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားဖြေသွားတဲ့အေးမြတ်သူရဲ့ စကားတွေကိုကြားရတာ တော်တော်လေးဝမ်းသာဖိုပကောင်းပါတယ်။ ရောင့်ရဲတတ်ပြီး

စိတ်ထားကောင်းတဲ့ မင်းသမီးချော အေးမြတ်သူ နောင်နှစ်တွေလည်း အောင်မြင်မှုတွေ အများကြီးရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။